Chapter-6

1.8K 214 22
                                    

" ကျွန်တော် ကျောင်းသွားတော့မယ်အ​မေ"

"ရေငုံ နှုတ်ပိတ်ပြီး စိတ်​ကောက်​နေတဲ့​ကောင် လေး စကား ပြန်ပြောပြီသမီး​ရေ"

" မသိပါဘူး သမီးဖြင့် ကိုယ့်​မောင်​လေးစကား​တောင်မပြောတတ်တော့ဘူး
လားလို့"

"မလတ်​နော်"

ဆိုင်ကယ်သော့ကိုယူပြီးနေစင်ဟန်
သူ့အ​မေကို စကားပြောလိုက်တော့
စက်ချုပ်နေတဲ့ အမေနဲ့ အလုပ်သွားဖို့ပြင်ဆင်နေတဲ့မလတ်က သူ့ကိုစသည်။

" ကျောင်းတက်ရတာအဆင်​ပြေ
တယ်မလား​နေစင် "

"ဟုတ်"

"ဘာလိုလဲ မုန့်ဖိုးလိုလား စာအုပ်ဖိုး
တွေဘာ​တွေ လိုရင်လဲမလတ်ကိုပြော
ကြားလား"

"မလို​သေးပါဘူး"

ဆံပင်ကိုစု စည်းနေရင်း
အနားကပ်ပြီး လာပြောတဲ့မလတ်
ကိုသူ ခပ်တိုးတိုးပဲပြန်ပြောလိုက်တယ်။

စိတ်ထဲတော့သိပ်မပါ။ အခုမလို
သေးပေမယ် နောက်လိုတော့မှာပဲ။

သူတို့မိသားစုက လူတန်းစေ့ ​နေနိုင်ရုံလောက်ပင်။ ​လေးနှစ်စာဆိုလျှင်ရာ
ဂဏန်းကို​ကျော်​နေသည့် စရိတ်ပေးရတဲ့ ပုဂ္ဂလိက ကျောင်းကို သူကိုထားပေး
ချင်ကြတဲ့ မိဘတွေနဲ့ အကိုနဲ့အမရဲ့
စေတနာကို နားမလည်လို့တော့မဟုတ်၊။ အနာဂတ်အတွက် ကောင်းတယ် ပြည်ပကပေးမယ့် ဘွဲ့ကိုကိုယ့် ပြည်တွင်းမှာပဲ ကျောင်းတက်ပြီးယူလို့ရတယ်ဆိုပေမယ့် လောလောဆယ်တော့ သူတို့
အဘိုးအဘွားဆီက ရထားတဲ့အ​မွေ
ထဲက​နေ၊ အဖေနဲ့အမေကပထမတနှစ်စာအတွက်စွန့်စားလိုက်တာပင်။ ပြီးတော့ အင်ကြင်းအမေ ကြောင့်လည်းပါသည်
။ သူ့ကိုလည်းသားသမီးလိုချစ်တဲ့
အင်ကြင်းအမေက ပညာသင်စရိတ်
ကို သူထောက်ပံ့ပေးမယ်လို့
အ​ဖေ့ကိုဆွယ်လိုက်တာက​နေစတာပင်။ အဖေက အင်ကြင်းအမေဆီကနေလည်းပထမနှစ်တစ်ဝက်စာကို ​ယူခဲ့ရပြီး
လစာကြိုထုတ်သည့်သ​ဘောနှင့် ခဏ​ယူထားတာပင်။အင်ကြင်းအ​မေက သူထောက်ပံ့တာလို့ ပြောပေမယ့်
နေစင်ဟန် ​တို့ မိသားစု က သေချာ
ပေါက် ပြန်ပေးမှာပင်။

သူ တို့ မိသားစုက က ငယ်ငယ်ထဲက
နေသူ​ခုနှစ်တန်း​တက်ခါနီးအထိ
ကျောက်ဆည်မှာ​နေခဲ့တာ။
အစ်ကိုက အဘွားတို့ဆီမှာ အလုပ်
သွားလုပ်ရင်းအိမ်ထောင်ကျ​
အဘိုးနဲ့အဘွားတို့ကလည်း သူတို့ကို
ပါ ပြောင်းလာဖို့စီစဥ်​ခိုင်းတော့အဘိုး အဘွားအမွေပေးသည့်​ခြံကိုရပြီး
မန်းလေးခရိုင်ထဲသို့ ​ပြောင်းလာခဲ့
ခြင်းပင်။ လက်ရှိအကိုတို့မိသားစု
က​တော့အဘွားတို့နဲ့ပဲ​အတူ​နေနေတယ်။

The First He GlaredWhere stories live. Discover now