152:တယောက်တော့ ပါလာပြီကွ!

Start from the beginning
                                    

ဟဲကျင့်:"ငါ မင်းကုမ္ပဏီကိုjoinမယ်လေ။ငါ့ကိုအချက်အလက်တွေပေးထားလိုက် ငါဒီရက်တွေမှာကြည့်ထားလိုက်မယ်"

နောက်ဆုံးတော့ချင်ယွီက ပိုပြီးပျော်သွားတဲ့ပုံပေါက်သွားကာ

"အလျင်လိုစရာမလိုပါဘူး။မင်းဒီအခွင့်ရေးမှာ ရက်အတော်ကြာအနားယူလိုက်ဉီး ပြီးတော့မင်းအလုပ်ရှုပ်နေခဲ့တာမလား မင်းမိဘတွေနဲ့အချိန်ပိုဖြုန်းလိုက်လေ"

ဟဲကျင့်က ချင်ယွီကို ဂိမ်းထဲကသူငယ်ချင်းတွေအကြောင်းလဲမေးမြန်းခဲ့သည်။အကုန်လုံးက ဂိမ်းထဲမှာရှိနေဉီးမယ်ဆိုတာကိုသူသိပေမယ့်လည်း Demon God ရဲ့ ဟိုလိုဂရပ်ဖစ် ဗားရှင်းပေါ်လာထဲက ကစားသမားအသစ်များပေါ်ပေါက်လာကာ ချင်ယွီမှန်းထားသလို အသင်းလိုက်ပြိုင်ပွဲတွေမှာလည်း ကျွမ်းကျင်ကစားသမားတွေနဲ့ဖွဲ့စည်းထားသည့် အသင်းများပေါ်လာခဲ့သည်။ချင်ယွီကသုံးနှစ်လုံးအလုပ်များနေခဲ့သဖြင့် သူ့အဆင့်သည်လည်း တခြားတယောက်နှင့်အစားထိုးသွားပြီဖြစ်ကာ နှလုံးသားမဲ့ မီး နဲ့ ရေသေဆိုသည်မှာ ဒဏ္ဏာရီလာ ဇာတ်ကောင် များဖြစ်ခဲ့တာလည်းကြာပြီပင်။

"မကြာခင်ကပဲ Demon God က upgrade လုပ်ခဲ့တယ်လေ အဲ့မှာ လိင်တူချင်းလဲလက်ထပ်လို့ရနေပြီ ပြီးတော့ ကလေးမွေးတာလည်းပိုပြီးလိုက်လျောညီထွေရှိလာတယ်။အခုဆိုမင်း ဥဥဖို့ 3 နှစ်ကြာလက် ထပ်ထားပြီးသားဖြစ်ဖို့ပဲလိုတယ်။ကြိုးကြာရိုင်းက ကိုယ်ဝန်ရှိနေပြီ....ရေသေနဲ့ကိုးခန်းမအရှင်မင်းမြတ်ကလက်ထပ်ထားတယ်..."

"အိုး!"

ဟဲကျင့်ကသွေးတောင် အန်မိတော့မလိုဖြစ်သွားရတော့တာပဲ

"သူတို့ကတွဲနေတာလား?"

ချင်ယွီကရယ်ကာဖြင့်  "ဘယ်လိုဖြစ်နိုင်မှာလဲ? လွင့်မျောတိမ်တိုက်နဲ့ ကြိုးကြာရိုင်းက လူသိရှင် ကြား ချစ်ခင်ပြနေတာကိုမြင်တော့ သူတို့မနာလိုဖြစ်ကြလို့လေ။ပြီးတော့လိင်တူလက်ထပ်တာက ဘယ်လိုလဲဆိုတာကိုလည်းသိချင်လို့လဲပါတာပေါ့ ငါထင်တာတော့ သူတို့အပျော်သဘောစမ်းသပ်တာပဲ"

ဟဲကျင့်: "..."

ချင်ယွီ:"မင်းလိုင်းတက်ခဲ့ရင် သူတို့ကိုတကယ့်အခြေအနေကိုမေးကြည့်လိုက်လေ။သူတို့လည်းမင်းကိုသတိရနေကြတာ မင်းဘယ်တော့ပြန်လာမလဲလို့ ငါ့ကိုမကြာခဏမေးတတ်သေးတယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now