Unicode
မီးရဲ့ ထွက်ပေါ်လာမူက လွမ်းမောဖွယ်ချစ်ခြင်းအသင်းရဲ့ မဲအရေအတွက်ကို သိသိသာသာတိုးလာခဲ့စေသည်။screen မှာတောင် မီးရဲ့ fanတွေရဲ့အော်သံကိုကြားနေရသလိုပါပဲ။ဒီနောက်ဆုံးပွဲစဉ်ကနေ ဖြတ်သွားဖြတ်လာ ပရိတ်သတ်တွေက Demon God မှာရှိတဲ့ မီးရဲ့ကျော်ကြားမူကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရလေသည်။
ဒါမှဟုတ်လည်း မီးက အစထဲက Demon God ဂိမ်းရဲ့ ကိုယ်စားပြု idol ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါ၏။
— လေးနှစ်ဆက်တိုက်တွင် မီး သည် ဂိမ်း၏ပြည့်စုံသောဦးဆောင်သူစာရင်းတွင်ပထမနေရာရခဲ့သည်။ ပြီးတော့ သူက ဂိမ်းရဲ့ PK မှာလည်းပထမနေရာမှာ ရပ်တည်နေခဲ့သည်။ ယနေ့ထိတိုင် သူသည် Demon God ၏ အရေးကြီးဆုံး ဦးဆောင်သူ ခြောက်ဦးတွင် တွေ့နေရဆဲဖြစ်သည်။
မီးသည် ထိုကဲ့သို့ သန်မာသော ကစားသမား ဖြစ်သောကြောင့် လူတိုင်းသည် အသစ်ရောက်လာသောဒုတိယ အဆင့်ရှိကစားသမားဖြစ်သည့် "ကိုပင်ဟာဂင်ဒတ်စ်" ကို လျစ်လျူရှုခဲ့ကြသည်။ ဒါပေမယ့် သူတို့ဟာ ကွင်းထဲမှာ တစ်ချိန်တည်း အတူပေါ်လာတဲ့အခါမှာတော့ ပရိသတ်က သက်သေမရှိတဲ့ ကောလာဟလတွေမျိုး ဟာဂင်ဒတ်စ်က မီးထက် အားမနည်းကြောင်းကိုသတိထားမိသွားကြလေရဲ့!
ဂိမ်းထဲမှာ အဆင့် 1 ကစားသမားနဲ့ အဆင့် 2 ကစားသမားထိပ်တိုက်တွေ့ကြတဲ့ ဒီနေ့မှာ သမိုင်းမော်
ကွန်းအသစ်ရေးထိုးတော့မှာလား?ဒီ အခိုက်အတန့်မှာတော့ မီးနဲ့ ဟာဂင်ဒတ်စ်တို့က သဲကလွဲ၍ ဘာမှမရှိသော သဲကန္တာရတွင် တစ်ယောက်နဲ့တစ်ယောက် ဆန့်ကျင်ဘက်တွင်ရပ်နေကြလေသည်။ဘယ်လိုပဲဆိုဆို ပရိတ်သတ်တွေ စောင့် မျှော်နေခဲ့တဲ့ battle က ဒီလောက်မြန်မြန်ကြီးမဖြစ်ပွားလာခဲ့ပါ။
အနက်ရောင်ရွှေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဟာဂင်ဒတ်စ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားကို လှမ်းကြည့်လိုက် သည်။ သူက ပြုံးနေပုံရတယ်
"မီး နောက်ဆုံးတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြပြီပဲ"
![](https://img.wattpad.com/cover/358042616-288-k819537.jpg)
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
RomanceAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~