Unicode
[T/N တကယ့်ကားကအခုမှလာတာအရပ်ကတို့ရေ အရှေ့ကကားတွေကဂိတ်မဆုံးခဲ့ပါဘူးတဲ့]
ချင်ယွီက ဟဲကျင့်ကို ဟိုတယ်သွားရအောင်လို့ပြောလာသည့်အခါတွင်တော့ ဒီ 3 ရက်ကြာအတွင်း အလေ့အကျင့်ဖြစ်သွားတာလားဆိုတာကိုမပြောတတ်သော်လည်း ဟဲကျင့်က ချင်ယွီကို မငြင်းဆန်ခဲ့ချေ။အဲ့အစားသူကပြောလိုက်လေသည်။
"အိုခေ ဒါပေမယ့် ဒီတစ်ခါ ကျင်းရှန်ထိမသွားတော့ဘူး ကျောင်းနဲ့ ပိုနီးတဲ့နေရာမှာပဲနေရအောင်"
နောက်နေ့က တနလ်ာနေ့ဆိုတော့ သူထပ်ပြီးတော့နောက်မကျချင်တော့ပါဘူးနော်
ကျောင်းအနီးတွင် ဈေးပေါသော တည်းခိုခန်းများနှင့် မိုတယ်များ ရှိလေသည်။ သို့သော်လည်း ကျင်းရှန်လောက်တော့မကောင်းပေ။
ဟဲကျင့် လက်ခံလိုက်ကတည်းက ချင်ယွီ က အရမ်းစိတ်လှုပ်ရှားနေပြီး အဲဒီညစ်ပတ်တဲ့ အတွေးတွေနဲ့ ပဲပြည့်နေတော့တာပါပဲ
နောက်တစ်နေ့တွင် နှိုးစက်သံပိတ်သွားသောအခါဟဲကျင့် သည် သိသိသာသာ မအိပ်ခဲ့ရသေးပေ။ အိပ်ရာထဖို့ ကြိုးစားရင်း သူ့ခန္ဓာကိုယ်ရဲ့ တစ်နေရာမှာ နာကျင်ကိုက်ခဲနေသလို ခံစားလိုက်ရတယ်...
ချင်ယွီသည် ဟဲကျင့် နိုးလာပြီဖြစ်ကြောင်းကို သိ၍မနက်ခင်းအနမ်းကို လိုချင်ခဲ့သည်။ မမျှော်လင့်ဘဲ ဟဲကျင့် က သူ့ကို တွန်းဖယ်လိုက်ပြီး မသက်မသာနဲ့ သန့်စင်ခန်းကိုလျှောက်သွားတော့လေရဲ့
လှုပ်ရှားမှုတိုင်းသည် ညတုန်းက အကျင့်ပျက်လုပ်ရပ်ကို အမှတ်ရစေသည်။ ရှက်လွန်းလို့ သူ့ကိုယ်သူ ရိုက်နှက်ချင်စိတ်တောင်ပေါက်သွားရတယ်!
ချင်ယွီ နဲ့ အတူရှိနေရတာ ကြီးမားတဲ့ အမှားတစ်ခုလို့ သူထင်လာတယ်... လူတွေက အချစ်က လူတစ် ယောက်ကို ရူးသွပ်စေတယ်တဲ့ အခုတော့ သူအရူးတစ်ယောက်လိုဖြစ်နေပြီလေ
ချင်ယွီ သည် သူ့ကိုယ်သူ ထောက်ထားကာဖြင့် ပျောက်ကွယ်သွားသော ဟဲကျင့် ၏ ရုပ်ပုံကို ကြည့်လိုက်သည်။ သူ အိပ်ရာသို့ ပြန်လှဲချလိုက်ရင်း ဟဲကျင့်၏ ခေါင်းအုံးကို ယူကာဖြင့် လေးနက်စွာ ရှူရှိုက်လိုက်သည်။ သူတကယ်ကြီးနှစ်သက်တယ်ပြီးတော့ သူ့အနားမှာရှိလို့အရမ်းပျော်တာပဲ
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
RomanceAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~