Unicode
ချင်ယွီ: "ငါ့မှာအကြောင်းပြချက်တွေအများကြီးရှိတယ်။ပထမက မင်းက တကယ့်လက်တွေ့ကို ဂိမ်းနဲ့ မရောထွေးချင်ဘူးလေ။ငါက မီး ဖြစ်မှန်းသိပြီးရင် မင်းငါ့ကို ရှောင်ဖယ်သွားမှာကို ငါစိုးရိမ်ခဲ့တယ်..."
"ဒါဆို ဒါကမင်းလိုချင်တာလား?လုပ်တာတစ်ခုပြောတာတစ်ခုလားဟမ်"
ဟဲကျင့် က ခေါင်းခါပြီး ဒေါသတကြီးနဲ့ပြောလာလေသည်။
"မင်းငါ့ကို အစကတည်းက ပြောခဲ့သင့်တယ်!"
ချင်ယွီက သူ့ကို အသံကျယ်ကျယ်နဲ့ ဖြတ်ပြော
လိုက်တော့သည်။"မင်းကို ငါပြောလိုက်ရင် မင်းဂိမ်းထဲမှာ ငါ့မိန်းမအဖြစ်နေဦးမှာတဲ့လား?မင်းအွန်လိုင်းပေါ်တက်ဖို့တောင် ရှက်နေမယ်လို့ ငါထင်ခဲ့တာလေ!"
ဟဲကျင့် ဟာ သတိရှိတဲ့သူတစ်ယောက်မဟုတ်
ပေမယ့်တစ်ချိန်တည်းလည်းမာနကလဲကြီးသေး
တယ်။ ဂိမ်းထဲက သူ့ယောကျ်ား ကသူရဲ့ ဂျူနီယာညီလေးဆိုတာသာသိခဲ့ရင်သူအတတ်နိုင်သမျှ
ရှောင်ဖို့ကြိုးစားမှာပဲ!ဟဲကျင့် က တိတ်တိတ်လေး ဝန်ခံလိုက်ပါတယ်။ အမှန်တကယ်ပင် မီးက ထိုအချိန်တုန်းကသူရဲ့အမည်ရင်းအမှန်ကို ပြောပြခဲ့မည်ဆိုလျှင် သူအဲ့အတိုင်းပြုမူနိုင်လောက်ပြီး သူတို့အလွန်ဆုံးသူငယ်ချင်းများသာဖြစ်လာကြမည်ပင်။
ဟဲကျင့် က ခဏလောက် နှုတ်ဆိတ်နေပြီး
"ငါက အားကျင့် ဆိုတာကို မင်းဘယ်အချိန်က
တည်းကသိတာလဲ?" လို့ မေးလိုက်သည်။ချင်ယွီ: "မင်းဖျားပြီး ဆေးရုံလိုက်ပို့တဲ့နေ့တုန်းက"
ဟဲကျင့် အနည်းငယ် အံ့အားသင့်သွားသည်။ ချင်ယွီက အဲ့နေ့တုန်းက အရမ်းတွေကူညီလိုစိတ်
ပြင်းပြနေတာအံ့ဩစရာတော့မဟုတ်တော့ဘူး။ပြီးတော့ နှစ်ယောက်ကြား အဆက်အသွယ်လည်း ပိုပြီးလုပ်လာခဲ့ကြတယ် မကြာခဏပေါ့... ဒါပေမယ့် အဲ့ဒါကအရမ်းစောလွန်းတယ်မဟုတ်ဘူလားနော်? ချင်ယွီက ဘယ်လိုသိသွားတာလဲ? သူက သီးသန့် စုံစမ်းစစ်ဆေးမှု အချို့ကို လုပ်ခဲ့တာလား?
![](https://img.wattpad.com/cover/358042616-288-k819537.jpg)
VOUS LISEZ
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
Roman d'amourAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~