[T/N: Spirit Fairy ဇာတ်လမ်းက ရှည်လွန်းတာကြောင့် စာရေးသူက နှစ်ပိုင်းခွဲထားပါတယ်။ ဒါကြောင့် ဒီအခန်းကို 'Spirit Fairy အတိတ်' နဲ့ စတင်မှာဖြစ်ပြီး ထို့နောက် တကယ့်အခန်း 19 နဲ့ ဆက်သွားမှာဖြစ်ပါတယ်။ ]
_____________________________________________________
※ Spirit Fairy ※ (ရှစ်အဆက်)
"Spirit Fairy" ကို "Demon God" အဖြစ် ပြန်လည်ပြင်ဆင်သောအခါ ဆာဗာဟောင်းအများအပြားကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ပြီး ကစားသမားတစ်ဦးစီသည်လည်း အခမဲ့အမည်ပြောင်းလဲခွင့်ကို ရရှိခဲ့သည်။ ချင်ယွီ သည် ဤအခွင့်အရေးကိုရယူပြီး ၎င်း၏ဂိမ်းတွင်းအမည်ကို "မီး" မှ "နှလုံးသားမဲ့ မီး" သို့ ပြောင်းလဲခဲ့သည်။
တစ်ညတွင် သူ၏ဆာဗာသည် ယခင်က အရေအတွက်ထက် သုံးဆမျှသော ကစားသမားများစွာဖြင့် ရုတ်တရက် ပြည့်သွားသည်။ ပေါင်းစည်းမှုကြောင့် အဆင့်စာရင်းကိုလည်း ပြန်လည်ဆန်းသစ်ထားသောကြောင့် မူလတတိယနေရာတွင်ရှိသော မီး သည် ဒသမနေရာသို့ ကျဆင်းသွားခဲ့သည်။
ထိုအချိန်တွင် ရေသေ ဟုခေါ်သော ကစားသမားက ပထမနေရာကို သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် မီး ၏ သူငယ်ချင်းစာရင်းတွင် ပထမဆုံးဝင်ရောက်လာသူဖြစ်လာခဲ့သည်။
သူတို့သည် PK ဂိမ်းမှတဆင့် အသိအကျွမ်းဖြစ်လာပြီး ဂိမ်း အတူတူကစား သည်ထိ ရင်းနီးလာကြသည်။
အဲ့တုန်းက ချင်ယွီ သည် အော့ဖ်လိုင်း ဆင်းတော့မည့် အချိန်တွင် သူ့ မက်ဆေ့ချ် ဘောက်မှ စာများဝင်လာကာ လင်းလက်လာသည်။
〖သီးသန့် စကားပြောခန်း〗 'ရေသေ' : "မင်း အရမ်းတော်တယ်။"
〖သီးသန့် စကားပြောခန်း〗 'ရေသေ' : "သူငယ်ချင်းလုပ်ကြရအောင် ပြီးရင် အတူတူကစားကြမယ်။"
〖သီးသန့် စကားပြောခန်း〗 'ရေသေ' : "အယ် မင်းရဲ့သူငယ်ချင်းတောင်းဆိုမှုလုပ်ဆောင်ချက် ကို ပိတ်ထားတာလား?"
〖သီးသန့် စကားပြောခန်း〗 'ရေသေ' : "ငါမတွေ့ဘူး (=_=) ..."
〖သီးသန့် စကားပြောခန်း〗'ရေသေ' : ... လူငယ်လေး? "
YOU ARE READING
မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)
RomanceAssociated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side Stories (Completed) This is fan translation. I don't own this novel Please Enjoy~~~~~