*ဟွား လား လား*

  ရေသံသည်မိမိအတွေးများအားနှောင့်ယှက်လာသည်။မိမိသည်အိပ်ရာမှလူးလိမ့်ထကာ မိမိကိုယ်အားစစ်ဆေးလိုက်သည်။မိမိမှာအသက်ရှင်နေသေးပြီး မိမိအဝတ်များမှာလည်းနဂိုအတိုင်းပင်။

  မိမိ၏အလိုလိုသိစိတ်မှ မိမိမှာငရဲမှထွက်လာခဲ့သည်ဟုပြောနေသည်။သို့သော် ဝင်ပေါက်သည်ရေချိုးခန်းဖြစ်နေပြီး ဘယ်သူရေချိုးနေမှန်းတော့မသိပေ။ထို့ကြောင့် မိမိမှာလှုပ်ရှားရန်တုံ့ဆိုင်းနေသည်။မိမိသည်ဖုန်းအားဆွဲယူကာ စုယန်အားဖုန်းခေါ်ချင်ခဲ့သည်။ထိုမှသာ မိမိသည်သူ့ထံမှ missed callဆယ်ကြိမ်ထက်မကရှိနေခဲ့မှန်းသိလိုက်ရသည်။

  အချိန်ပေါ်မူတည်ရလျှင် ပွဲအခမ်းအနားသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းမှပြီးဆုံးသွားခဲ့သလိုပင်။စုယန်ကငါ့ကိုရှာမတွေ့ရင်သူစိုးရိမ်နေမှာပဲ။

  မိမိသည်ပြတင်းပေါက်လိုက်ကာနောက်ဝင်ပုန်းကာ စုယန်၏နံပါတ်အားတိတ်တိတ်လေးဆက်သွယ်လိုက်သည်။မိမိမျက်လုံးများမှာရေချိုးခန်းတံခါးကိုသာ တစ်ချိန်လုံးအကြည့်ပို့ထားသည်။

  ဖုန်းဝင်ဝင်ချင်းမှာပင် စုယန်ကကိုင်လာခဲ့သည်။ချက်ချင်းပင် သူသည်မိမိအားသင်ခန်းစာပို့ချတော့သည်။

  "ငါမင်းကိုလျှောက်မ‌ပြေးဖို့ပြောထားတယ်လေ။မင်းဘယ်တွေသွားနေတာလဲ။မင်းကိုစောင့်ကြည့်ဖို့အတွက် ချိန်းကြိုးတစ်ခုဝယ်ပြီး မင်းလည်ပင်းမှာတစ်ကယ်ကြီးပတ်ထားလိုက်ရမလား"

  စုယန်၏အသံမှာကျယ်လွန်းလှသည်။မိမိသည်အလျင်စလို တိတ်နိုင်သမျှအနိမ့်ဆုံးထိရောက်အောင် ဖုန်းသံအား‌ေလျှာ့လိုက်သည်။ထို့နောက် မိမိသည်တိုးတိုးလေးအကူအညီတောင်းခဲ့သည်။

  "ကျွန်မကိုဒါရိုက်တာရွေ့ကတွေ့သွားလို့ လာကယ်ပါဦး"

  "မင်းကအခုဘယ်မှာလဲ။ငါလာခဲ့မယ်"

  "ကျွန်မမသိဘူး...ဟိုတယ်အခန်းတစ်ခုထဲလို့တော့ထင်တာပဲ။ရေချိုးခန်းထဲမှာတစ်ယောက်ယောက်ရေချိုးနေတယ်။ကျွန်မတော့ အဲ့ဒါဒါရိုက်တာရွေ့လို့ထင်တယ်"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now