Ch-30 ငါသူ့ကိုလိုချင်တယ်

Start from the beginning
                                    

ဂြိုလ်နိုင်ငံတစ်ခုဖြစ်သည့် "Noah star" ၌ ကြီးမားလှသော သိပ္ပံပညာဆိုင်ရာနှငိ့ နည်းပညာဆိုင်ရာတိုးတက်မှုများအတွက်တာဝန်ရှိသော လေ့လာစမ်းသပ်မှုများပြုလုပ်သည့် အဖွဲ့အစည်းတစ်ခုရှိသည်။ ထိုအဖွဲ့အစည်းမှ ပထမဆုံးသော Archangel ကိုထုတ်လုပ်ခဲ့ပြီး ၎င်းမှာဤဝတ္ထု၏ဟီးရိုးဖြစ်ကာ "Ark" ဟုခေါ်သည်။

Arkဆိုသည်မှာ လွန်ခဲ့သောရာစုနှစ်များ၌ လူသားများသွားလာရနိအသုံးပြုသော ရှေးကျသည့်သဘော်များကို အစွဲပြု၍ပေးထားခြင်းဖြစ်သည်။ သူဟာလူအစစ်မဟုတ်ဘဲ မျိုးဗီဇဆိုင်ရာအင်ဂျီနီယာနည်းပညာဖြင့်ထုတ်လုပ်ထားသော လူလုပ်စစ်သားတစ်ယောက်ဖြစ်ကာ တီထွင်ဖန်တီးမှုများထဲမှ အင်အားအကြီးဆုံးသော လူသဏ္ဌန်ရှိသည့်လက်နက်တစ်ခုဖြစ်သည်။

အဖွဲ့အစည်းကိုထောက်ပံ့ပေးသူ၏တောင်းဆိုမှုအရ သူ့အားနတ်သားတစ်ယောက်၏ အသွင်အပြင်ဖြင့်ဖန်တီးခဲ့ပြီး Noah ကို ‌အလွန်ဖျက်ဆီးတတ်သည့် ရေကြီးမှုမှ ကာကွယ်ပေးမည့်နတ်သားများကို အစွဲပြုကာ 'Archangel'ဟု အမည်ပေးခဲ့သည်။

တဖက်၌ ကမ္ဘာပျက်ကပ်အတွင်း၌ Arkစီးနင်းခဲ့သည့်သတ္တဝါများမှလွဲ၍ ကြောက်စရာကောင်းလှသည့်ရေကြီးမှုမှ ရှင်သန်နိုင်ခဲ့သူမရှိပေ။ ထို့အတူ Ark နှင့် Noah၏စစ်တပ်ကလည်း သူတို့ဖြတ်သန်းခဲ့သည့်ဂြိုလ်တိုင်းကို ပျက်ဆီးမှုများသယ်ဆောင်သွားခဲ့သည်။

အဆုံးမရှိသည့်စစ်ပွဲများအတွင်း၌ Ark ၏ဦးဆောင်မှုဖြင့် Noah စစ်တပ်ဟာ အနိုင်ယူရန်ခဲယဉ်းသည့်စစ်တပ်တစ်တပ်ဖြစ်လာပြီး နယ်မြေသစ်များကိုသိမ်းပိုက်ကာ အင်အားတိုးချဲ့ခဲ့သည်။ 'Archangel' ဆိုသည့်အမည်က အလွန်ကျော်ကြားလာကာ Noah ၏ရာထူးကြီးများမှာ ဆက်လက်ကြီးစိုးရေးအတွက် တွေးနေခဲ့ကြသည်။

သူတို့ဟာArkကို တကယ့် "သာမန်ထက်သာလွန်သောနတ်သားတစ်ယောက်" ဖြစ်လာအောင်ပြုလုပ်ချင်ခဲ့ကြသည်။

အကယ်၍ Ark ဟာလူသတ်လက်နက်တစ်ခုသာမက လူသားမျိုးနွယ်၏မျိုးဆက်နှင့် အနာဂတ်ကိုကိုယ်စားပြုသည့် Noah၏အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါက ရန်သူ့ကိုလိုနီများက တိုက်ခိုက်မှုမရှိဘဲ အညံ့ခံလိုက်ကြလိမ့်မည်။ Noah၏ အလယ်ဗဟို၌ ကြီးမားသည့်ဖယ်ဒရယ်ပြည်နယ်တစ်ခုကို တည်ထောင်နိုင်လိမ့်မည်။

ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့နောက်ငါထွက်မပြေးနိုင်တော့ဘူးWhere stories live. Discover now