ဖုန်းချလိုက်တာနဲ့  မျက်လွှာကိုအောက်
ချပြီး ကိုယ့်အဆင့်ကိုယ်မသိသ
လား ကြည့်တဲ့အကြည့်က ကျက်သ​ရေ
ရှိလှသည့် အပြင်အဆင်နှင့် ခြားနားစွာ ။

​ဘေးနားကအကူ​ကောင်မ​လေး ​ဆေးရုံအခန်းတံခါးဖွင့်​ပေးမလို့လုပ်​နေသည်
ကိုအ​ရှေ့မှာသူပိတ်ရပ်လိုက်​တော့။

"ဘာဖြစ်ပြန်ပြီလဲ"

" တစ်ယောက်ပဲဝင်လို့ရပါမယ် ​ဆေးရုံ
ခန်းကလူနာ​စောင့်နှစ်​ယောက်ပဲလက်ခံ
လို့။ကျွန်​တော်က ဘယ်သူလာလာ
လိုက်ဝင်ရမှာမလို့ပါ။ဒီကညီမ လက်​
ဆောင်ခြင်း​လေး​ပေးပြီးဒီအစ်ကိုနဲ့
အပြင်မှာစောင့်နေပေးနော်။
ဝင်လာခဲ့​ပါ အန်တီ"

လက်​ဆောင်ခြင်းကို​ပြောင်းယူလိုက်
ချိန် သူ့ကိုတစ်ချက်ကြည့်ပြီး အရှေ့ကနေဝင်သွားတဲ့ဆန်းဆက်မှူးအ​မေ။
အကြည့်နဲ့တင် လူတစ်ယောက်ကို
သိမ်ငယ်​စေ ​လောက်တဲ့အထိ အရှိန်
အဝါနဲ့ပင်။အင်း​လေ ဘယ်သူ့အမေ
မို့လို့လဲ။

​ဆေးရုံကုတင်ကိုမှီထိုင်​နေသူက ဆန်း
ဆက်မှူးအ​မေကိုမြင်သည်နှင့်ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသည်။
မ​နေ့ထဲက စကားမ​ပြောပဲ အခန်း
အပြင်ကို​ငေးပြီးပဲငြိမ်​နေလို့သတိ
ထား​ပြီးဂရုတစိုက်ကြည့်​နေရတာ ။
ကျဥ်းထဲကျပ်ထဲ​ရောက်​နေသလို​နေ
ရခက်​နေသည့်မျက်နှာက အခုဝင်
လာတဲ့သူက သူမမြင်ချင်မ​​တွေ့ချင်
တဲ့သူဆိုတာ သိသာလှသည်။

" သက်သာ​နေရဲ့လား ဗျူဟာ။ဒီမှာ ဒေါ်လေးယု​မော် မင်းအတွက်အားရှိ
မယ်လို့ထင်မဲ့ဟာ​လေး​တွေ ဝယ်လာပေးတယ်"

အခန်း​ရှေ့မှာ
သူ့ကို​ပြောသည့်စကားသံနှင့်လုံးဝမတူ။

"မင်း အဘွားကလည်းလာကြည့်ချင်
နေတာ။ ဗျူဟာက လူများရင်မကြိုက်
တတ်လို့ ​နေရခက်မှာစိုးလို့။ နောက်မှ
ပဲမင်းအဘိုးနဲ့အတူတူလာပါ​စေ​တော့"

ကုတင်​ဘေးကခုံမှာဝင်ထိုင်လိုက်သည့်
ဆန်းဆက်မှူးအ​မေ။​ဘေးမှာလိုက်ရပ်
လိုက်သည့်သူ့ကို တစ်ချက်​မော်ကြည့်
လာ​ပေမဲ့ မျက်နှာပြန်​ပြောင်း၍
ဗျူဟာပိုင်ကိုအပြုံးနှင့်ပင်။

The First He GlaredWhere stories live. Discover now