19. Have you ever loved me ?

Start from the beginning
                                    

" ဝတ်ချင်တယ်မို့လား...ဝတ်လိုက် အထွေး "

ဆိုင်ရှင်က သူတို့နှစ်ယောက်ကို ထူးဆန်းစွာကြည့်နေခဲ့၏။

" ငါ တကယ်ဝတ်လို့ရလား ယံယံ "

ယံယံဝယ်ပေးသည့် အဖြူရောင်ဂါဝန်လေးကိုကြည့်ပြီး အထွေးမျက်နှာမှာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေအထင်းသား ။

" ရတာပေါ့ ...ကိုယ်ဝတ်ချင်လို့ဝတ်တာပဲ... ဘယ်သူ့ ဂရုစိုက်ရမှာလဲ "

ထို့နောက် ယံယံဝယ်ပေးသည့် ဂါဝန်လေးဝတ်ပြီး အထွေးက ပျော်မဆုံးဖြစ်နေခဲ့သည် ။  ကမ်းခြေတစ်လျှောက် ယံယံ့စက်ဘီးနောက်ကနေ ဘောလုံးကိုင်ပြီး လိုက်ပါလာခဲ့သည့် ယံယံ့သူငယ်ချင်းလေးက ဂါဝန်လေးနှင့်တော်တော်လေးလည်းချစ်စရာကောင်းနေခဲ့ပါသည်။

တကယ်ဆို သည်တုန်းက ငါးတန်းဖြေထားခါစပဲ‌ရှိသေးသည့် ယံယံ့အတွက် လူတစ်ယောက်ရဲ့ sexuality ( လိင်စိတ် )တွေကို နားလည်လို့ဆိုတာထက်သူငယ်ချင်းဖြစ်သူ စိတ်ချမ်းသာဖို့ပဲ ခေါင်းထဲမှာတွေးပြီး လုပ်ခဲ့ခြင်းပါ။

သည်လိုနှင့် အထွေးက အရွယ်လေးရောက်လာလေ တဖြည်းဖြည်း မိန်းကလေးလို ဝတ်တတ်လာရာကနေ နောက်တော့ သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်လိုပဲ စိတ်ပိုင်းဖြတ်ကာ နေထိုင်ပြုမူတော့သည်။ အလွယ်တကူတော့ မဟုတ်ခဲ့။ မိသားစုရဲ့ဖိအားတွေ၊ ဆူပူကြိမ်းမောင်းမှုတွေ ခံခဲ့ရသလို ပတ်ဝန်းကျင်က တချို့လူတွေ၏ လှောင်ပြောင်ကဲ့ရဲ့မှု ၊ ထိကပါးရိကပါး အနိုင်ကျင့်မှုတွေကိုလည်း ခံစားခဲ့ရသည်။

အထွေးက သည်အကြောင်းတွေကို ယံယံပြန်လာတိုင်း ရင်ဖွင့်မြဲ။ ယံယံတစ်ယောက်တည်းကသာ အထွေး၏ဘဝကို စာနာနားလည်ပေးသူ ။

အထက်တန်းပြီးသည့်အခါကျ အထွေးက တက္ကသိုလ်ဆက်မတက်တော့ဘဲ သူ့ကိုနားလည်မပေးသည့် ပတ်ဝန်းကျင်ကို ကျောခိုင်းကာ ရန်ကုန်မှာ ဒီဇိုင်နာသင်တန်းတက်ရင်း တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ ကြိုးစားခဲ့သည်။ ကျောင်းတစ်ဖက်နှင့်ယံယံက အထွေးဆီ သွားမတွေ့နိုင်ပေမဲ့ လိုအပ်သည့် ငွေကြေးအကူအညီ ထောက်ပံ့မှုအားလုံးကိုတော့ ပေးခဲ့၏။

My Youth Was Yours  ( Completed )Where stories live. Discover now