24

278 17 0
                                    

Unicode

"အူးဝါး~​ဗြဲ~ "

ရန်ကုန်သို့ပြန်ရောက်ရောက်ချင်း ချစ်ရသူ၏စေ့စပ်ပွဲအကြောင်းကို ကြားသိရတာက တကယ်ကို နာကျင်စရာအကောင်းဆုံးခံစားချက်ဖြစ်၏။

ရင်ထဲကနာကျင်မူ့များကို မျက်ရည်အဖြစ်ပြောင်းလဲပြီး ထုတ်လွှတ်နေခဲ့ပေမဲ့လည်း အခုထိမသက်သာသေး။

"သြော်...တိတ်ပါတော့ဆိုကွာ "

ဘေးမှ တစ်ရှူးတွေကမ်းကမ်းပေးရင်း မိုးအား တိတ်ရန် အော်ငေါက်တောင်းဆိုနေသည့် မင်းခန့်လည်း စိတ်ရူပ်နေလောက်ပြီထင်သည်။မိုး မငိုသေးခင်အချိန်ထိ ပေါင်ပေါ်မှာ သေချာထိုင်နေသော တုံတုံလေးကလည်း အခုတော့ ကားနောက်ခန်းမှာ သူပါတဂျီဂျီနှင့်။

"မင်းခန့်စုတ် ငါ့ကိုအခုမှပြောပြရလား "

"မင်းအခုမှ သိတာတောင်ကံကောင်းသိလား၊မဟုတ်ရင် မင်းတောမှာ ထိုင်ငိုနေခါမှ "

"ကိုခန့်ထားက အရမ်းရက်စက်တယ်၊တကယ်ကြီး သူစေ့စပ်ဖို့ ငါ့ကိုပစ်သွားတာ မကောင်းတဲ့ကောင် ကျက်သရေတုံးကောင် "

"ဆဲပစ်သူငယ်ချင်း ဆဲပစ် "

"ဒါမဲ့...တောင်းပန်ပါတယ်ကိုခန့်ထား ဒါမိုးရဲ့ရင်ထဲကလာတဲ့စကားမဟုတ်ပါဘူး၊ကိုခန့်ထားက မကောင်းတဲ့လူမဟုတ်ဘူး "

အခုမှ အားပေးတုန်းလေးရှိသေး၊ချက်ချင်းဘဲ ကိုခန့်ထားဘက်စိတ်ပြန်ယိုင်သွားသည့် သူငယ်ချင်းဖြစ်သူအား မင်းခန့် ဘာမှဆက်မပြောနိုင်တော့ပါ။

"တော်ပါတော့ကွာ၊နားညီးလာပြီ "

"ငါဘယ်လိုဆက်လုပ်ရမလဲ မင်းခန့် "

"ဘာဆက်လုပ်ဖို့စဥ်းစားနေတာလဲ၊ဘာမှဆက်လုပ်လို့မှ မရတော့တာ "

"ဒါမဲ့..."

"ဒါပေမဲ့တွေ ဘာတွေလုပ်မနေနဲ့ ကိုခန့်ထားအပေါ် move on လိုက်တော့ "

"မင်းငါ့အကြောင်းမသိလို့ အခုလိုပြောနေတာလား မင်းခန့် "

တစ်ခုခုအပေါ် သံယောဇဥ်တွယ်တာလွန်းတတ်သည့် မိုးက တွယ်တာတတ်လွန်းသလိုလွယ်လွယ်နှင့်မစွန့်ပစ်တတ်မှန်း မင်းခန့် သိပါ၏။ဒါပေမဲ့ ကိုယ်နဲ့မဆိုင်တော့တဲ့ အရာတစ်ခုကို အတင်းလိုချင်နေတာက ကိုယ့်ကိုယ်ကို ဒုက္ခပေးတာဘဲမလား။ကိုယ့်သူငယ်ချင်းဒုက္ခရောက်ဖို့ကိုတော့ မင်းခန့်အားမပေးချင်ပါ။

Change For You( သူ့အတွက်သာလျှင်~သူ့အတွက်သာလျှင်)Where stories live. Discover now