25

305 19 0
                                    

Unicode

ဒီနေ့မှာတော့ ထူးထူးခြားခြား မင်းခန့်က မိုးကို ကျောင်းအထိလာစောင့်ကြို၏။ကြည့်ရတာ မနက်မသိလိုက်ရသည့်ကိစ္စအပေါ် အရမ်းသိချင်နေသည့်ပုံပင်။

"မင်းခန့် ထူးထူးဆန်းဆန်းကြီးပါလား အဲ့လောက်တောင် စိတ်ဝင်စားတာပေါ့ "

"ဒါပေါ့ မြန်မြန်တက် တစ်နေရာအေးဆေးသွားထိုင်ပြီး ရှင်းပြ "

"နေပါအုံးဟ ငါဒီအဝတ်အစားကြီးနဲ့ "

အပြင်ကို ကျောင်းစိမ်းကြီးနဲ့မထိုင်ချင်တာကြောင့် အလောတကြီးလောနေသည့် မင်းခန့်ကို မိုးမှာ ကိုယ့်ပုံစံကို ပြန်လက်ညှိုးထိုးပြရ၏။

"ငါမင်းအတွက် အဝတ်ယူလာပေးပြီးသား ကားပေါ်မှာလဲလိုက်ရုံဘဲ "

အခြားနေရာမှာသာ ဝီရိယမရှိတာ ဒီလိုသူများအကြောင်းနားထောင်ရမည်ဆို သတိပေးစရာတောင်မလိုဘဲ ဝိရီယပိုလွန်းသည့် မင်းခန့်အား မိုး လက်ခုပ်တီးပြီး မချီးကျူးမိရုံတမယ်ရှိရပါတော့သည်။

"ထီးတွေပါလား ဘာလုပ်ဖို့လဲ "

ကားနောက်ခန်းမှာ အဝတ်လဲနေရင်း မိုးအိမ်ကနေ ထီးတွေပါ သယ်လာတာကိုတွေ့လိုက်တာကြောင့် မိုးမေးလိုက်ခြင်းဖြစ်၏။မင်းခန့်ယူလာသည့်ထဲတွင် အရင်က မိုးပေါ်ထီးပစ်ပေးခဲ့သည့် သူစိမ်းထီးနဲ့ဆင်တူတာပါနေတာကြောင့် မိုး ထိုထီးကို ကောက်ယူကြည့်မိသည်။

"မင်း ငါ့အိမ်ကထီးတွေအကုန်သယ်လာတာလား "

"ဟုတ်တယ် မိုးလေဝသသတင်းမှာကြေညာတာ ဒီညမိုးအကြီးအကျယ်ရွာမယ်တဲ့ အဲ့တော့မင်းအိမ်မှာရှိတဲ့ ထီးတစ်ချောင်းထဲနဲ့ငါတို့နှစ်ယောက်မလောက်ဘူးလေ အဲ့တာနဲ့ မင်းအခန်းထဲမှာ သိမ်းထားတဲ့ အဲ့ထီးကိုပါယူလာတာ "

"ဒါ ငါ့ထီးမဟုတ်ဘူးဟဲ့....။ထားလိုက်ပါ....ဒီည မိုးရွာပါ့မလားသေမှမသေချာတာ "

ဒီထီးအနက်ရောင်ပိုင်ရှင်က ဘယ်သူမှန်း သေချာမသိရသေးတာမို့ ပြန်မပေးရခြင်းဖြစ်တာကြောင့် အခုချိန်ထိ သိမ်းထားခဲ့ခြင်းဖြစ်ရာ အခုလိုတခြားလူရဲ့ပစ္စည်းကို သုံးဖို့လည်း မိုးမစဥ်းစားကြည့်ခဲ့ဖူးပါ။သုံးလည်းမသုံးချင်ခဲ့။မိုးပစ္စည်းမဟုတ်တာကြောင့် မထိချင်တာပါပါလိမ့်မည်။

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now