9

563 27 0
                                    

Unicode

နေရောင်ခြည်ဖြာကျနေသော မနက်ခင်းတစ်ခုတွင် ဝရံတာမှာထိုင်ပြီး ​နေထွက်ချိန်အလှကို ရူစားနေသည့် ဖွားနှင့်အတူ ရှားအဖော်ပြုပေးနေခဲ့၏။

"ဖွား အေးနေမှာပေါ့နော် ရှားတို့အထဲဝင်ကြတော့မလား "

"မကြာခင် နွေးလာတော့မှာဘဲ နေတစ်ခုလုံးထွက်တာကို ဖွား သေချာကြည့်ချင်သေးတယ် "

ဖွားက ထပ်နေချင်သေးတယ်ပြောတာကြောင့် မြူတွေကျနေတဲ့မနက်ခင်းမှာ နွေးနွေးထွေးထွေးဝတ်ထားပေမဲ့လည်း  ဖွား အေးနေမည်စိုးရိမ်သည့် ရှားသည် ခြုံထားသည့်အပေါ်ထပ်ကို ဖွားပေါ်သို့ထပ်ကာခြုံပေးရင်း ဖွားရဲ့လက်များကိုဆုပ်ကိုင်ကာ နေထွက်သည်ကို အတူရူစားခဲ့သည်။

"ဖွား နေ့တိုင်း ​မနက်အစောကြီးထပြီး ဘာလို့ နေထွက်တာကိုဘဲ ကြည့်ချင်နေတာလဲဟင်...အခုလို အေးတဲ့အချိန်မှာ ဖွား ကောင်းကောင်းအနားယူသင့်တာကို "

"မနက်ဖြန် နေထွက်တာကိုမြင်ရဖို့ မသေချာတော့တဲ့အခြေအနေမှာ အခွင့်အရေးရတုန်းလေး ဖွား အဝကြည့်ထားတာပေါ့မြေးလေးရဲ့ "

"ဟာ...ဖွားကလည်း ဘာလို့ အဲ့လိုစကားမျိုးပြောရတာလဲ၊ဖွားက ရှားနဲ့အတူ အချိန်တွေအများကြီး ထပ်နေရအုံးမှာလေ"

ရှား စိတ်ဆိုးစွာပြောတော့ ဖွားကရယ်သည်။

ဖွားသည် ရှားရဲ့ခေါင်းကိုခပ်ဖွဖွ ပွတ်သပ်ရင်း_

"လောကမှာ ဘယ်ယောကျာ်းသားမှမကောင်းဘူး ရှား။ရှားရဲ့အဖေရှားရဲ့အဖိုး အကုန်လုံးဘဲ "

မုန်းတီးမူ့တွေနဲ့ပြည့်နေတဲ့ ဖွားရဲ့စကားကို ရှား ပြန်မတုံ့ပြန်ခဲ့။

ရှား ငယ်ငယ်လေးကတည်းက ဖွား သတိပေးထားတာတစ်ခုရှိသည်။ထိုအရာက အပြင်လူသူစိမ်းများနှင့်လုံးဝမပတ်သတ်ဖို့နှင့်အထူးသဖြင့် ယောကျာ်းသားများဆို ဝေးဝေးကရှောင်ရမည်ဆိုတဲ့ ထူးဆန်းတဲ့ စည်းကမ်းချက်တစ်ခုပင် ဖြစ်သည်။

ဘာကြောင့်လဲလို့ ရှားမမေးရဲခဲ့သလို မေးခွင့်လည်းမရှိခဲ့ပါ။ဖွားက ဒါဆိုဒါအတိုင်း ရှား ငြိမ်ခံရင်းသာ လိုက်နာခဲ့ရသည်။

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now