20

313 22 0
                                    

Unicode

အချိန်တွေဘယ်လောက်ထိ ကုန်မြန်လည်းဆို မိုးဒီရွာမှာ တာဝန်ကျနေခဲ့တာ တစ်လပြည့်သွားခဲ့တာက သက်သေပင်။

အရာရာတိုင်းကို ပုံမှန်လိုဘဲ အဆင်ပြေပြေနှင့်ဖြတ်သန်းခဲ့ကြသည်။ထူးဆန်းသွားတာဆို အရင်ကတစ်ယောက်ကိုတစ်ယောက်မျက်မှန်းတန်းမိတိုင်း သတ်မယ်ဖြတ်မယ်အထိဖြစ်ကြသည့် မိုးတို့နှစ်ယောက် အခုမှာတော့ ရွာမှာရှိတဲ့လူတိုင်းက မိုးကိုမြင်လျှင် နှိုင်းကိုမေးရလောက်သည်အထိ မိုးနဲ့နှိုင်းကိုတွဲမှတ်ထားမိနေကြလေပြီဖြစ်သည်။

လူမူ့ရေးအရကောင်းပေမဲ့ မိုးအတွက်တော့ နှိုင်းနှင့်ရင်းနီးရတာက တစ်မျိုးမကောင်း။နှိုင်းကိုသဘောကျကြသည့် အပျိုလေးများတစ်ချို့နှင့်အခုထိ နှိုင်းအပေါ်အဆက်မဖြတ်နိုင်သေးသည် မနှင်းတို့ကြား နှိုင်းအကြောင်းခဏခဏစပ်စုမေးမြန်းတာကိုခံရသည်။မိုးမှာ တစ်ဖက်လူအကြောင်းကို တစ်ခြားလူဆီ​ပြန်ပြောပြရတာ သဘောမကျတာမို့ ဒုက္ခရောက်ရပါ၏။နှိုင်းအကြောင်းမေးလာတိုင်း စကားလမ်းကြောင်းလွဲပြီးဖြေလျှင်ဖြေ မဖြေတတ်လျှင် ထွက်ပြေးတိမ်းရှောင်နေရတာက အမောပင်။

"ဘာဖြစ်လာတာလဲ လှည့်ကြည့်လှည့်ကြည့်နဲ့ "

အခုလည်း မနှင်းက နှိုင်းအကြောင်းအတင်းလိုက်မေးနေတာကြောင့် မိုး ထွက်ပြေးလာခြင်းဖြစ်သည်။ပြေးနေရင်းနဲ့ နောက်ကနေမနှင်းလိုက်လာမည်စိုး၍ မိုး လှည့်ကြည့်လှည့်ကြည့်လုပ်နေရခြင်းဖြစ်၏။

"ဘာဖြစ်ရမှာလဲ မနှင်းယမူံပေါ့ ထုံးစံအတိုင်း မင်းအကြောင်းအတင်းလိုက်လိုက်မေးနေလို့ "

"အဲ့ကိစ္စကမပြီးသေးဘူးလား ကျွန်တော်ဖြေရှင်းပြီးသားလေ "

"မင်းသေချာမရှင်းလို့လေ ငါ့မှာမင်းကြောင့်နဲ့ ဒုက္ခအမြဲရောက်တယ်သိလား "

"အဲ့ကိစ္စကျွန်တော် ပြန်ဖြေရှင်းလိုက်မယ် အခုတော့တက်တော့ "

"သွားစရာရှိလို့လား "

"အင်း ဓာတ်ပုံရိုက်ဖို့နေရာကောင်းတစ်ခုတွေ့ထားတယ် "

နှိုင်းပုံစံကတကယ် အလောကြီးသလိုရှိနေတာကြောင့် မိုးလည်းဆိုင်ကယ်ပေါ်သို့အလျင်အမြန်ဘဲတက်လိုက်ပါသည်။အခုတော့ မိုး နှိုင်းကျေးဇူးနဲ့ ဆိုင်ကယ်စီးကျွမ်းနေပြီဖြစ်သည်။

Change For You( သူ့အတွက်သာလျှင်)(U+Z)Место, где живут истории. Откройте их для себя