30

392 22 5
                                    

Unicode

ဦးဆောနှင့်တွေ့ပြီး ကားပေါ်မှာစောင့်နေသည့် ခန့်ထားအနားသို့ စောစောကတွေ့ခဲ့သည့် ဆရာဝန်ကရောက်လာသည်။

ခန့်ထားသည် ဆရာဝန်ကိုကားတံခါးဖွင့်ပေးလျက်_

"ဘယ်လိုလဲ သူငယ်ချင်း၊သူဘာတွေပြောလဲ "

"ဟမ်း...အက္ခ အကြောင်းကိုတော့ပြောပြပါတယ် ဒါပေမဲ့ မင်းသိချင်တဲ့ဟာတော့မပါဘူး"

သက်ပြင်းချပြီးပြောပြလာသည့် ဒေါက်တာသက်ပိုင်က စိတ်ပျက်နေသည့်မျက်နှာထားနှင့်။

ဒေါက်တာသက်ပိုင်နှင့်ခန့်ထားစစ်ချီတို့ နှစ်ဦးသားသည် ကျောင်းကတည်းကခင်လာခဲ့ကြသည့် ငယ်သူငယ်ချင်းများဖြစ်ကြလေသည်။

ဦးဆောထံ့မှ အက္ခအ​ကြောင်းကို ခန့်ထားကိုယ်တိုင်မေးခဲ့လျှင် သိချင်တာထက်ပိုပြီး နှံ့နှံ့စပ်စပ်သိရမည်မဟုတ်မှန်းကြိုတွက်မိတာကြောင့် သက်ပိုင်ကိုအကူအညီတောင်းခဲ့ရ၏။ထင်ထားသလို ဖြစ်မလာတော့ ခန့်ထားလည်း စိတ်ပျက်ရပါသည်။

သူငယ်ချင်ဖြစ်သူရှေ့မှာမို့ အဆင်ပြေသလိုဟန်ဆောင်ထားရ၏။

"အင်း သူငယ်ချင်း ကျေးဇူးဘဲကွာ "

"ရပါတယ် အချင်းချင်းတွေဘဲဟာကို၊ဒါဆို ငါဆေးခန်းပြန်ဝင်လိုက်အုံးမယ် "

သက်ပိုင်ဆေးခန်းသို့ပြန်ဝင်သည်နှင့် ခန့်ထား ကားဂီယာတိုင်ကိုလက်နှင့်ထုပြီး ပေါက်ကွဲနေပါတော့သည်။

"တောက်* "

မြင်ကွင်းထဲမှ မနေ့ကမြင်ခဲ့ရသည့် မိုးနှင့်အက္ခတို့၏ပုံရိပ်များကို ပြန်မြင်ယောင်လာလေ ပို၍ပေါက်ကွဲလာလေပင်။

အက္ခက သူကြိမ်းဝါးထားသည့်အတိုင်း ခန့်ထားတန်ဖိုးထားရသည့်အရာကို ခန့်ထားအနားမှလုယူဖို့ကြိုးစားနေလေပြီ။ခန့်ထားကိုင်တိုင်က ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်ပြီး ဒီလောက်ထိလျှိုဝှက်ထားပါရက် အက္ခတစ်ယောက် အဘိဓာန်မိုးကို ဘယ်ကနေဘယ်လိုသိလာမှန်းမသိ၊ခန့်ထား ပေါ့ဆသွားမိပါသည်။

ပြုံးရယ်နေတဲ့သူတို့နှစ်ဦးက လောကမှာဖြစ်ပျက်နေသည့်အရာအားလုံးကို မေ့ပစ်ထားကြသည့်အလား။

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now