ထားထားခေါ်ထားဝတ်ရည်ဆိုသည်မှာကမိစုံဖစုံ အစ်ကိုအစ်မတွေသိုက်သိုက်ဝန်းဝန်းနဲ့သာမာန်လူလတ်တန်းစားထဲကပါပဲ။
သူမတို့ကကိုသဝဏ်နဲ့စကားတစ်ခါသာပြောဖူးပြီးအိမ့်မှူးကိုတစ်ခါတစ်လေလာကြိုမှသာသူနဲ့ဆုံရ၏။
ဆုံလိုက်တိုင်းသူကမျက်နှာထိမျက်နှာထားနဲ့။အဲလိုလူကိုပဲထားထားကတစ်ဖက်သတ်ရင်ခုန်နေခဲ့တာ။
ဒီအကြောင်းကိုအိမ့်မှူးကတော့မသိပါ။အိမ့်မှူးကသူ့အစ်ကိုကိုတော်ရုံမိန်းမနဲ့သဘောမတူဘူးလို့ကြွေးကြော်ထားသည်ကြောင့်ပင်။🌺🌺
ညနေထမင်းစားဝိုင်းကထင်ထားတာထက်ကိုတိတ်ဆိတ်နေတာ၏။
ငွေ့ရည်မှာသူမရှေ့ကအိမ့်မှူးကိုတစ်လှည့်စားပွဲရဲ့ထိပ်ဆုံးကခုံမှာထိုင်နေတဲ့သဝဏ့်ကိုတစ်လှည့်ကြည့်ကာအာခေါင်တွေပါခြောက်လာသလိုပင်။
''အိမ့်မှူးပြောပြလို့အကြောင်းစုံသိပြီးပြီ''
''အသံလေးကနားထောင်လို့ကောင်းလိုက်တာ''
ဟုငွေ့ရည်စိတ်ထဲကောက်ချက်ချမိ၏။
''လူတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ထားရတာသိပ်ပြီးပြဿနာမရှိပါဘူး ဒါပေမယ့်စည်းကမ်းလိုက်နာတတ်တဲ့သူဖြစ်ဖို့တော့လိုတယ် ပြီးတော့ဒီအိမ်သားတွေဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေဖို့လည်းလိုတယ် နောက်တစ်ချက်ကမင်းမိသားစု သူတို့ကရော မင်းကိုလက်ခံထားတဲ့ အတွက်ငါတို့ကိုပြဿနာလာမရှာဘူးမလား''
''အဲ့အတွက်တော့စိတ်ချပါကိုကြီးရဲ့ ငွေ့ရည်ရဲ့ဖေဖေကအဲလိုလူမဟုတ်ပါဘူး နော်အိမ့်မှူး ပြောပေးဦး''
သူမအိမ့်မှူးကိုတပ်ကူတောင်းတော့အိမ့်မှူးက
''ဟုတ်ပါတယ်ကိုကိုရယ် ငွေ့ရည်တို့မိသားစုကအဲလောက်မဆိုးပါဘူး''
''ပြီးရောလေ အဲဒါဆိုလည်းနေပါ အခုကကျောင်းပိတ်နေတာဆိုတော့ညီမလေးလည်းအဖော်ရတာပေါ့''
''ကျေးဇူးပါကိုကြီး ဟီးးး''
သဝဏ်သူ့အားသွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်ပြနေသောငွေ့ရည်ခါးဆိုသည့်ကောင်မလေးအားတစ်ချက်ကြည့်လိုက်၏။
![](https://img.wattpad.com/cover/364835654-288-k238879.jpg)
🌺Part.1🌺
Start from the beginning