ဒါတွေအကုန်မေးဖို့တော့ အချိန်မတန်သေးဘူးဟု ထင်ပါသည်။
" ဒယ်ဒီ... နက်ဖြန်ကျလေ ကျောင်းရောက်ရင် Eishanကို သားသားမှာလဲ သူ့လို အဖေနှစ်ယောက်ရှိသွားပြီလို့ ပြောလို့ရပြီလား "
" အမ်! "
Danielကတော့ ခေါင်းစားပြီ။ သူ့သားစကားကြောင့် ယံယံလည်း ရှက်ပြီး မျက်နှာတွေရဲသွား၏။
အသက်နှစ်ဆယ်တုန်းက ရပ်တန့်ခဲ့ရသည့် ရင်ခုန်သံတွေက သုံးဆယ်ကျော်ပြီဆိုမှ တစ်ဖန်ပြန်ပြီး နိုးထလာခဲ့ပြီ။
" ဒယ်ဒီ့ကို သားသားချစ်တယ် သိလား "
ပါးတစ်ဖက်ကိုနမ်းရင်း ပြောလာသော Danielလေးကြောင့် ဉာဏ် ပြုံးလိုက်မိပေမဲ့ ...
" ပါပါးကရော ဒယ်ဒီ့ကို ချစ်ဘူးလား "
ယံယံ့ ဘက်လှည့်ပြီး မေးလိုက်သောမေးခွန်းကတော့ အဖျားရှိန်ကြောင့်မဟုတ်ဘဲ ဉာဏ့်မျက်နှာတွေကို ပူတက်သွားသလို ခံစားရစေသည် ။
" Eishanဆို... "
" တော်ပြီ Daniel ...နောက်ထပ် Eishanအကြောင်း ထပ်ပြောရင် မင်းကို ငါရိုက်တော့မှာ "
ယံယံ ဒီတိုင်းကြည့်မနေနိုင်တော့။ သူ့သားသူ ရှက်ရမ်းရမ်းပြီး ငေါက်ပစ်မိသည်။ ဒါတောင် Danielက မရပ်ဘဲ ဉာဏ့်ကို တိုးတိုးလေး ကပ်ပြောသေး၏။
" ပါပါးက ဒယ်ဒီ့ကို ချစ်ဘူး ထင်တယ်နော် " တဲ့။
ဟုတ်ပါ့ ။ မင်းပါပါးက ဘယ်တုန်းကမှ ဒယ်ဒီ့ကို မချစ်ဘူးထင်ပါရဲ့ ။
" ပြန်ကြစို့ Daniel... မင်းလဲ သက်သာပြီမို့လား ဉာဏ်လင်းထင် "
" ပြန်ဘူး...ပြန်ဘူး ... ဒယ်ဒီနဲ့နေမှာ "
" ဘာ !"
Danielက ဉာဏ့်ကိုပဲ အတင်းဖက်တွယ်ထားကာ
" ဒယ်ဒီနဲ့အိပ်မှာလို့ "
" မင်းဟာမင်း နေခဲ့ အဲ့ဒါဆို ...ငါပြန်မယ် "
ယံယံ သည်လို လှည့်ထွက်သွားတော့လည်း လက်မခံပေ ။
" ပါပါး ပြန်နဲ့.... ပြန်နဲ့လို့ "
" ဒါဆို မင်းဘာလုပ်မှာလဲ ....တစ်ခုရွေး....ဒီမှာ နေခဲ့မှာလား ... ငါနဲ့ပြန်လိုက်မှာလား "
YOU ARE READING
My Youth Was Yours ( Completed )
General Fictionဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ^^
17. My father's secrets
Start from the beginning