Final chapter

75 11 0
                                    

မိသားစုတစ်စုမှာ သားသားမီးမီးလေးတွေဆိုတာ ရတနာတစ်ပါးလို့ ခံယူထားပါတယ် ။ ဟုတ်ပါတယ် ရတနာတစ်ပါးပါပဲ ဒါပေမဲ့ သာမန်လိင်ကွဲတွေရဲ့ ဘဝမှာသာ သာမန်ဆိုပြီး ရှိတာပေါ့ ။

ကျွန်တော်တို့ဘဝမှာတော့ မရှိဘူးလားဆိုရင်
မှားသွားပါ့မယ် ကျွန်တော်နဲ့မောင့်ရဲ့ ရင်သွေးအမွှာလေးရှိပါ့တယ် ။ သားလေးနဲ့သမီးလေးက ကျွန်တော်နဲ့မောင့်ရဲ့ သုတ်ပိုးနှစ်ခုပေါင်းစပ်ပြီး
အငှားကိုယ်ဝန်ဆောင်ရင်း ရလာခဲ့တဲ့ ရတနာတစ်ပါးပေါ့ ။

သားလေးနဲ့သမီးလေးက နာရီပိုင်းခြားကာ မွေးဖွားလာတဲ့အမွှာလေးတွေပေါ့ ။ သမီးကြီးနာမည်လေးကို Park Jiyoonလေးဆိုသော မောင့်ရဲ့နာမည်လေးနဲ့ ကျွန‌်တော်ရဲ့ နာမည်လေးကို ပေးထားပြီး သားလေးကိုတော့ Park Yoonminလို့ပေးထားတာပေါ့ ။

ကလေးနှစ်ယောက်လုံးက မောင်နဲ့တူလို့ အရမ်းကိုတော်ပြီးထက်မြက်တယ် ။ သမီးလေးကကျတော့ ကျွန်တော်နဲ့အရမ်းတူတာ  သားလေးကျတော့ မောင်နဲ့တစ်ရုပ်ထဲပဲလေ ။

* ပါးပါးရေ ပါးပါး *

* ‌ပါးပါးမီးဖိုးခန်ထဲမှာ သား‌ငယ်ရေ *

* ပါးပါးရေ မမကလေ သားကိုမုန့်မကျွေးဘူး *

* သမီးရေ မောင်လေးကို မုန့်လေးကျွေးလိုက်အုံးလေအဲ့လိုမျိုး တစ်ယောက်နဲ့တစ်ယောက် ကပ်သပ်တာ ပါးပါးမကြိုက်ဘူးနော် *

* ပါးပါးကလည်း သမီးကကပ်သပ်တာ မဟုတ်ပါဘူး ဒယ်ဒီကပြောထားတယ် မောင်လေးကို အချိုတွေအများကြီး မကျွေးရဘူးဆိုလို့ပါ *

* နည်းနည်းဖြစ်ဖြစ်ရော မကျွေးရဘူးတဲ့လား သမီးဟုတ်လား *

* ဟုတ်တယ်အစ်ကို မောင်မကျွေးခိုင်းတာ သားငယ်ကဒီရက်ပိုင်း အချိုတွေအများကြီး စားပြီးတော့ ချောင်းတွေဆက်တိုက်ကို ဆိုးနေတာ အဲ့တာကြောင့်ပါဗျာ *

* အင်းပါမောင်ရဲ့ *

တစ်ကယ်လည်း သားငယ်ကဒီရက်ပိုင်း ချောင်းတွေဆိုးနေတာလေ ပြီးတော့ညကြရင် မောင်ကအိပ်ရေးတွေပျက်ရတယ် သားငယ်ကို အမြဲတမ်းကြည့်နေရလို့လေ ။

You've reached the end of published parts.

⏰ Last updated: Apr 13 ⏰

Add this story to your Library to get notified about new parts!

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now