chapter -8

73 10 0
                                    

ထိုပြဿနာတွေဖြစ်ပြီးတဲ့ နေ့ထဲကအခုနေ၃ရက်လောက်ရှိပြီ ကျွန်တော် Namjoonကိုရော hobiတို့လင်လင်တွေရော နောက်ပြီးသူငယ်ချင်း အရင်းကြီးဖြစ်တဲ့ jinကိုရော စကားမပြောပါဘူး ။

ဟုတ်တယ်လေ ထိုမျှလောက်တော့ ကျွန်တော်လုပ်သင့်တယ်လို့ ထင်ပါတယ် ၂နှစ်‌နဲ့၃ရက်က အများကြီးကွာတယ်လေ ။

* အစ်ကိုကြီး ကျွန်တော် ကျောင်းသွားလိုက်အုံးမယ် နော်ပြန်လာရင် ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ထဲကစားကွင်းသွားကြမယ် နော် *

* ......... *

* နော့်အစ်ကိုကြီး *

* .......... *

* ဟူး ~~~~ *

ကျွန်တော်ဘက်က ပြန်ပြီးတော့ဖြေသံမကြားရတော့ သက်ပြင်းသဲ့သဲ့လေးချကာ ကျောင်းကိုထွက်သွားတာပေါ့ ။

* အစ်ကိုရေ ကျွန်တော်ကို ဖရဲဖျော်ရည်တစ်ခွက်လောက်ပေးပါ *

* ရမယ်နော် ခဏလေးစောင့်ပေးပါ *

* ဟုတ်ကဲ့ဗျ *

ကျွန်တော်လည်း စားသုံးသူရဲ့ အမှာစာရင်းကို သေချာလေးလုပ်ပေးနေရတာပေါ့ ။ အင်းလေ ပူပြင်းနေတဲ့ နွေရာသီမှာအခုလို ဖရဲဖျော်ရည်က ကျွန်တော်တို့ ဆိုင်မှာရောင်းအား အကောင်းဆုံးလေ ။

* အစ်ကိုကြီးရေ သားလာတယ် *

* ...... *

* အစ်ကိုကြီးက သားကိုချစ်ပါဘူး သား့လေ သားက ဒီတိုင်းလေး *

* ငါအလုပ်လုပ်နေတယ် စကားများဖို့အချိန်မရှိဘူး ဖျော်ရည်ဖျော်ပေးနေတယ် တစ်နေရာမှာသွားထိုင်နေလိုက် *

* အစ်ကိုကြီး သားတစ်ကယ်တောင်းပန်ပါတယ် သားတမင်တကာဖုံးကွယ်ထားတာ မဟုတ်ပါဘူး သား သားလေ *

* ဟူး မင်းတို့ကိုလည်း စိတ်မဆိုးဘူး အေးဒါပေမဲ့စိတ်မကောင်းဖြစ်တယ် အရာရာကို ညီလေးအတွက်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထားပေမဲ့ ညီဖြစ်သူကတော့ အစ်ကိုဖြစ်သူကိုတောင် ယုံကြည်ချက်မရှိဘူးလေ အဲ့တာကြောင့် စိတ်မကောင်းဖြစ်တာ
ကျန်တာဘာမှ့မဖြစ်ဘူး *

* သားလည်း ပြောပါသေးတယ် အစ်ကိုကြီးကို
ပြောပြဖို့ဒါပေမဲ အစ်ကိုNamjoonက နောက်မှ့ဆိုပြီးမပြောဘဲ နေခိုင်းထားလို့ပါ အဲ့တာကြောင့် သားမပြောဖြစ်ခဲ့တာပါ တောင်းပန်ပါတယ် *

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now