chapter -4

95 13 0
                                    

Robert Graceရဲ့ Euphoriaသီချင်းလေးကို
ဆိုင်လေးထဲဖွင့်ကာ စားသုံးသူများရဲ့ စိတ်ကို
တစ်မ‌ျိုးလေးဖြစ်အောင် ဖန်တီးပေးရင်း ကျွန်တော်လည်း လုပ်စရာရှိတာများကို လုပ်နေတာပေါ့ ။

ညီဖြစ်သူNamjoonကတော့ ကျွန်တော်ဖွင့်ထားတဲ့ သီချင်းနဲ့ကျွန်တော်အား ကြည့်ကာ

* အစ်ကိုကြီး ဘာလို့များတစ်ခါမှ့ မဖွင့်ဖူးတဲ့ သီချင်းတွေကို ဖွင့်နေတာလည်း ဘယ်သူကို ရည်ညွှန်းပြီး ဖွင့်နေတာလည်း *

* ဘယ် ဘယ်သူကိုရည်ညွှန်းရမှာလည်း
တစ်ကယ်ပါပဲနော် ကိုယ့်ဟာကို အသစ်အဆန်းလေး ဖွင့်တဲ့ဟာကို ရည်ညွှန်းပြီးတော့တောင် ဖွင့်ရအုံးမယ် အားကြီးနဲ့ *

* မသိဘူးလေ အစ်ကိုကြီးက အခုရက်ပိုင်းအားနေရင် ဟိုလူကိုမျှော်ဒီလူကို မျှော်နဲ့လေ *

* ရား ငါ့ဘာသာငါ သီချင်းလေးကြိုက်လို့ ဟိုငေးဒီငေးဖြစ်တာလေ အဲ့တာမင်းအပူပါလို့လား ဟမ် *

* အော် မပါပါဘူး မပါပါဘူး *

* ဟွန့် *

ပြီးတာနဲ့ ကျွန်တော်လည်း လုပ်စရာရှိတာများကို ဆက်လုပ်တာပေါ့ ။ တစ်အောင့်ကြာမှာ

* အစ်ကိုရေ ထုံးစမ်အတိုင်း ကျွန်တော်ကို *

* LiLi Teaမဟုတ်လား စိတ်ချအစ်ကိုပေးမယ်နော် *

* ဟုတ်ကဲ့ အစ်ကို *

Jiminဟာ တစ်ခါတစ်လေ ဆိုင်ကိုအကြောင်းပြချက် မယ်မယ်ရရမရှိပေမဲ့လည်း လူရှင်းတဲ့အချိန်ဆိုရင်
ပုံမှန်လာတက်တယ် ပြီးတော့မွေးရပ်မြေက အကြောင်းတွေကိုလည်း ပြောပြတက်တယ် ။

အင်းမွေးရပ်မြေကို စွန့်ခွာခဲ့တာဟာ ဒီနှစ်နဲ့တွက်မယ်ဆိုရင် ၁၀နှစ်နီးပါးလောက်ရှိပြီလေ ကျွန်တော်အသက်ပဲ၃၀ရောက်တော့မယ်လေ ။ ပြောပြရရင် Namjoonဘွဲ့လွန်တက်နေတဲ့ တစ်လျှောက်ပဲပေါ့ ။

* အစ်ကို ဒီနေ့ပိုပြီးသောက်လို့ကောင်းတယ် ပန်းအနံ့လေးက မွှေးနေတာပဲ *

* ကျေးဇူးပါ ဒီနေ့ကအစ်ကိုတို့ဆိုင်မှာ LiLiပန်းရော ပန်းခြောက်မျိုးစုံရောက်တယ်လေ အဲ့တာကြောင့် အစ်ကိုက ပထမဉီးဆုံးအနေနဲ့ Jiminကို LiLiရယ် Jasmineရယ်ကို ရောပြီးတော့ အ‌ရသာအနေနဲ့
နို့လေးရောပြီးတော့ ဖျော်ပြီးပေးတာ တော်သေးတာပေါ့ Jiminက အရသာရှိတယ်လို့ ပြောလို့ *

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now