Chapter -9

72 10 0
                                    

ကျွန်တော်လေ ယနေ့မနက်ထူးဆန်းတာကို စတင်တွေ့ရတယ် ဘာလို့လည်းတော့မသိဘူး ထူးဆန်းနေတယ် စိတ်ထဲမှာ အလိုလည်းမကျသလိုဖြစ်နေတယ် ဘာလို့လည်းဆိုတော့ Jiminတို့ဆိုင်မှာ ကောင်မလေးချောချောလေး ရောက်နေလို့လေ ။

စိတ်ထဲမှာလည်း ကန့်လန့်နဲ့ နေရတာမကောင်းပေ ဘယ်လိုခံစားချက်မျိုးလည်းမသိဘူး အလိုမကျဘူး ဒီရက်ထဲလည်း Jiminကိုမြင်တိုင် ရင်ဘက်ထဲက အကောင်ပေါက်က ခုန်‌ထွက်နေရောပဲ ။

ပိုဆိုးသည်က Jiminကို‌ေတွ့တိုင်း ရှက်နေရတယ်
ဆိုတာပါပဲ အထူးသဖြင့် ကောင်မလေးများနဲ့ Jimin
တစ်ယောက် စကားပြော‌တဲ့အချိန်ပဲပေါ့ ။

* အစ်ကိုကြီး ဘာလုပ်နေတာလည်း *

* ဟမ် အော်ဘာမှ့မလုပ်ပါဘူး ဒီတိုင်းလေးဟိုတွေး ဒီတွေးနဲ့အတွေးများနေလို့ပါ ဘာဖြစ်လို့လည်း *

* အော်ဘာမှ့မဖြစ်ပါဘူး ဒါနဲ့အစ်ကိုကြီး ကျွန်တော်
မနက်ဖြန်ကြရင် ခရီးသွားစရာရှိတယ် ကျောင်းနဲ့ပတ်သက်တဲ့ဟောပြောခန်းကို သွားစရာရှိလို့ *

* အင်းကောင်းပြီ သွားလေ *

ပြီးတာနဲ့Namjoonလည်း ကျောင်းကိုသွားသလို ကျွန်တော်လည်း ‌ဆိုင်မှာစားသုံးသူတွေ မှာတဲ့အစားအသောက်များအား ‌လုပ်ပေးနေရင်း အချိန်လေးသာ ဖြုန်းနေမိတာပေါ့ ။

* ဒါပေါ့ Ms . Stallsရဲ့ ကျွန်တော်ဘက်က အကုန်လုံးကို သေချာလေးလုပ်ပေးပါ့မယ် ဖန်ခွက်အသားကိုလည်း အကောင်းဆုံးပုံဖော်ပေးပြီး အရေအတွက်ကိုလည်း များများလေး လုပ်ပေးပါ့မယ် စိတ်ချပါ *

* တို့ကမင်းလုပ်ပေးတဲ့ ဖန်ခွက်တွေပဲ အသုံးပြုတာနော် အဲ့တာကြောင့် ပုံစံလှလှလေးနဲ့ အရမ်းကိုအသားကောင်းတဲ့ ဖန်သားမျိုးနဲ့လုပ်ပေးပါ *

* စိတ်ချပါ ကျွန်တော်လုပ်ပေးပါ့မယ် *

* ကောင်းပါပြီ ဒါဆိုရင်တို့ကို ခွင့်ပြုပါအုံး *

* ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါဗျ *

Jiminတစ်ယောက် အလုပ်နဲ့ပတ်သက်ပြီး ဒီလောက်ထိစိတ်ပျော်တာကို ကျွန်တော်မမြင်ဖူးဘူး ဘာလို့လည်းတော့မသိဘူး စိတ်ထဲမှာလည်း အရမ်းကို မကျေမနပ်ဖြစ်မိတယ် ။

အစ်ကိုဟာချစ်စရာ ( Complete )Where stories live. Discover now