"ဗျူဟာကိုသားတို့အိမ်မှာ ခေါ်ထား
ပေးတာ သားကို​ရောသားမိဘ​တွေ
ကိုပါအန်တီအရမ်းကျေးဇူးတင်တယ်။
အဲဒီကောင်​လေးက​လေ သူစိတ်
မကြည်ရင်နည်းနည်းဂျစ်တိုက်တတ်
လို့ သူငယ်ချင်းတွေဖြစ်တဲ့ သားနဲ့
သားဘုန်းတို့ကပဲနည်းနည်းသည်းခံ​
ပေး​နော်။ သူငယ်ချင်းအချင်းချင်း သက်သက်မဲ့ဗိုလ်ကျ အနိုင်ကျင့်တာ
မျိုးတော့ သူမလုပ်ပါဘူး။သားဘုန်း
က​တော့အဲ့​ကောင်​လေးအ​ကြောင်းကို
သိပြီးသား။တစ်ကယ်လို့အဲ့​ကောင်​လေး အရမ်းဆိုး​နေလို့ဗိုလ်ကျပြီး​ပြောမရ
တာတွေဘာတွေရှိရင်​တော့အန်တီ့ကို
အားမနာပဲ လာ​ပြော ကြားလားသား
။အန်တီဆုံးမ​ပေးမယ်။အန်တီဖြင့်
သားမှာ သားဘုန်းကလွဲပြီး အပေါင်း
အသင်းသူငယ်ချင်း သိပ်မရှိလို့ အခုဘယ်လို​တောင်ဝမ်းသာမိမှန်း
မသိဘူးကွယ်"

တစ်ကယ်ကို စိတ်ထဲဘယ်လိုဖြစ်သွား
မှန်းမသိဘဲ ​အန်တီ့ဆီကမေတ္တာဓါတ်ကို ပေါင်းကူးရရှိလိုက်သလိုပင်။

မျက်နှာက ပြုံးနေပေမယ့် မျက်ရည်
တွေဝဲချင်တာကိုထိန်းရင်း​ပြော​နေတဲ့
အန်တီက သူ့သား သူငယ်ချင်းအသစ်
တစ်ယောက်ရတာကို လွန်စွာပင်ပီတီ
ဖြစ်ပြီးကြည်နူး​နေပုံကသူ့ကိုလာ
ရိုက်ခတ်သည်။

"ကျွန်​တော်လည်းစကားနည်းလို့
ကျွန်​တော့်မှာလည်း သူငယ်ချင်းသိပ်
မရှိပါဘူး။ကျွန်​တော်က ပြန်ပြီး​
ကျေးဇူးတင်ရမှာ။ဗျူဟာကအန်တီ
ကျွန်​တော့်ကိုမှာထားစရာမလို​အောင်
​နေတတ်ပါတယ်။​ဘော်ဒါပီသပြီး သူ့သူငယ်ချင်း​​တွေဆိုရင်ဘာအခက်ခဲ
ပဲရှိရှိအမြဲကူလဲကူညီတတ်တယ်"

ထပ်ဆင့်အပြုံး​တွေ​ဝေ​နေတဲ့အန်တီနီလာ။

" မင်းသူငယ်ချင်း ဆေးရုံကဆင်း
လို့ရတဲ့အခါ သားဘုန်းနဲ့အိမ်ကိုလာ
ခဲ့​နော်။သားတို့ကို အန်တီထမင်း
ဖိတ်ကျွေးချင်လို့"

"ဟုတ်ကဲ့ ကျွန်​တော်တို့ကရပါတယ်။
အန်တီသာ အိမ်မှာပြန်ပြီးနားလိုက်အုံး​
နော်။ဒီမှာကျွန်​တော်နဲ့ဘုန်းပြည့် ရှိနေ
မယ် အန်တီည​နေ​လောက်မှ ပြန်လာခဲ့
လို့ရတယ်"

" ကျေးဇူးပါပဲကွယ်။အန်တီသွားပြီ​
နော်သား​လေး ကိုယ့်ကိုကိုယ်လည်း
ဂရုစိုက်အုံး"

The First He GlaredWhere stories live. Discover now