16. How could I tell you that I need you?

Start from the beginning
                                    

" ဟုတ်တယ် .... သားသားက ဒယ်ဒီနဲ့နေချင်လို့... ပါပါးကို လိုက်ပို့ခိုင်းတာ "

Danielက အရင်တစ်ခါလို ဉာဏ့်ခြေထောက်ကိုဆွဲဖက်ပြီး သူ့ကိုမော့ကြည့်ရင်း ပြုံးပြုံးလေးပြောတော့ ယံယံက တွေ့လားဆိုသည့်မျက်နှာဖြင့်။ နောက်ပြီး

" ငါသွားပြီ ... ဒီနေ့ Galleryမှာ နိုင်ငံခြားကလာတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ချိန်းထားလို့ ...ညနေမှ ပြန်လာခေါ်လှည့်မယ် .... လာခေါ်မဲ့အချိန်ကျ ဖုန်းဆက်လိုက်မယ် ....ငါ့ကို block listထဲက ထုတ်လိုက် ဉာဏ်လင်းထင် ...ကြီးကောင်ကြီးမားကျမှ ကလေးမဆန်နဲ့ "

" ဘာ! "

အံ့ဩဖို့မကောင်းဘူးလား။ မပတ်သက်ချင်ပါဘူးဆိုမှ ကလေးကိုပါ လာထိန်းခိုင်းနေသည်။

" ပိုင်ဇေယံ ... နေဦး "

ယံယံက သူ့စကားကို နားမထောင်ဘဲ လက်နောက်ပြန် ပြပြီး ထွက်သွားပြီ။ Danielကလည်း ယံယံထွက်သွားတာကို ဘယ်လိုမှမနေဘဲ သူ့ကိုပဲ ဖက်ထားတာ အားရပါးရ။

" ဟီးဟီး "

" ဘာဟီးဟီးလဲ မင်းက "

" ဒယ်ဒီက ပါပါးကို စိတ်ဆိုးနေတာလား "

စိတ်ဆိုးတာမဟုတ်ဘူး စိတ်နာတာဆိုတဲ့အကြောင်း ဒီကလေးကိုပြောလည်း နားလည်မှာမဟုတ်။

" ငါ အခုအပြင်သွားမလို့ "

" သားသားရောလိုက်မယ် "

ဒါပေါ့။ လိုက်ရမှာပေါ့။ ကလေးကို တစ်ယောက်တည်း ပစ်ထားခဲ့လို့ ဖြစ်ပါ့မလား ။

ဉာဏ် တစ်ခါမှတောင် စိတ်ကူးမကြည့်ဖူးခဲ့ပါ ။
သူ့ရဲ့ အားလပ်ရက်က ယံယံ့ကလေးကို ထိန်းပေးရမယ်လို့။

*****

" ဒယ်ဒီ ... သီချင်းဖွင့် "

ကားမောင်းသည့် ဉာဏ့်ဘေးမှာ ဆရာသမားလေးက စတိုင်အပြည့်နှင့် နေရာယူပြီး သီချင်းဖွင့်ခိုင်းသည်။ ဒယ်ဒီဟု မခေါ်ဖို့ပြောလည်း မရ။ ပြောလိုက်တိုင်း ရယ်ကျဲကျဲလုပ်နေ၏ ။

" ဘာသီချင်း နားထောင်မှာလဲ .... Baby shark လား "

" No... Elvis Presley  "

Daniel အဖြေကြောင့် ဉာဏ်မရယ်ဘဲမနေနိုင်။ ဒီပေါက်စနက Baby shark မဟုတ်ဘဲ Elvis Presley နားထောင်ချင်ရတယ်လို့။ ကြီးကြီးကျယ်ကျယ်။

My Youth Was Yours  ( Completed )Where stories live. Discover now