▪︎XI▪︎

17 7 0
                                    

" စဥ်းစားကြည့်မှ နည်းနည်းတော့ မတရားဘူးလိုပဲ ငါနဲ့လမ်းခွဲပြီးတော့ Unnie က အရမ်းကို အဆင်ပြေနေတဲ့ပုံပေါ်နေတာ "

" အဲ့လိုဖြစ်သွားတာလား "

" အင်း အရမ်းကိုပဲ "

" Jenနဲ့ လမ်းခွဲပြီးတော့ အထွေအထူးသိပ်မရှိဘဲ ဖြတ်သန်းခဲ့တာတော့ ဟုတ်ပေမယ့် "

" Unnie! "

Jisoo ပခုံးပေါ်ရောက်လာတဲ့ လက်သီးဆုပ်သေးသေးလေးတွေ~ အရမ်းလွမ်းနေခဲ့တာ Jennie ရဲ့ မကျေမနပ်နဲ့ ပွစိပွစိရွတ်တဲ့ အသံသေးသေးလေးတွေရော

" ဒါမယ့် နည်းနည်းလေးတောင် အဆင်မပြေခဲ့ဘူး ဘေးမှာ Jenမရှိတော့ ဒေါသထွက်စရာလည်းမရှိတော့သလို စိတ်ဝင်စားစရာလည်းမကောင်းတော့ဘူး ပြီးတော့ နည်းနည်းလေးတောင် ပျော်ဖို့မကောင်းဘူး အဲဒါကြောင့် ပိုပြီး သေချာသွားခဲ့တာ

ဒီအတောအတွင်း Jenနဲ့ရန်ဖြစ်ခဲ့တာတွေရော အမှတ်တရတွေရော ခံစားချက်တွေက ငါ့အတွက် အရမ်းကိုထူးခြားခဲ့တာ ခဏခဏ ရန်ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒါကလည်း ငါ့အတွက် အများကြီး အဓိပ္ပါယ်ရှိခဲ့တာ "

Jennie က သူပြောတာကို ငြိမ်ငြိမ်လေးနားထောင်နေတာကြောင့် Jisoo ခပ်ဖွဖွပြုံးရင်း သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ

" အဲ့ဒါကြောင့်လေ Jendeuk ah~ Chu အရမ်းတစ်ကိုယ်ကောင်းဆန်တာကို သိပေမယ့် ..
Chuနဲ့ ပြန်တွဲကြရအောင် "

Jennie မျက်ဝန်းလေးတွေ ဝိုင်းစက်သွားသည်

" Chuက ပိုပြီးကြိုးစားပါ့မယ် "

" Chu ~ "

Jisoo က သူ့ကို ခပ်ပြုံးပြုံးပဲ ကြည့်နေတာကြောင့်

" ငါလည်းတူတူပါပဲ Chu နဲ့ လမ်းခွဲပြီးတာတောင် အမြဲတမ်း Chu အကြောင်းပဲတွေးပြီး ဘာတွေများလုပ်နေလောက်မလဲ ငါမရှိလည်း နေနိုင်သွားပြီးလားဆိုပြီး တွေးပူနေရတာ ~ "

" Jendeuk ah~ "

" ငါလည်း ကြိုးစားပါ့မယ် နောက်ကျနေရင်တောင် Unnie ပြောပြလာတဲ့အချိန်ထိစောင့်ပြီး နားလည်ပေးဖို့ကြိုးစားပါ့မယ် အဲ့ဒါကြောင့်မလို့ Unnie လည်း နောက်တစ်ခါ တစ်ယောက်တည်းစဥ်းစားပြီး အဲ့လိုမျိုးပြီးစလွယ် မဆုံးဖြတ်လိုက်နဲ့ "

သူ့ကို နားလည်ပေးဖို့ ကြိုးစားမယ်ဆိုပြီး ပြောနေတဲ့ Jennie က ရင့်ကျက်လာတဲ့ ကလေးလေးလိုပဲ Jisoo မှာပိုပြီး အချစ်ပိုရပြန်တယ်

" အွန်း သိပါပြီး အခုတော့ အထဲဝင်ရအောင် အအေးမိလိမ့်မယ် "

" အင်း~ အာ ဒါနဲ့လေ Unnie ငါတို့ပြန်တွဲတာကို လတ်တလောတော့ သူငယ်ချင်းတွေကို မပြောပြဘဲနေရင် မကောင်းဘူးလား "

" ဘာလို့လဲ "

" အဲ့ဒါကလေ ~ တကယ်တော့ ငါက Unnie အကြောင်းတွေ အတင်း ပိစိလေးပြောထားမိလို့ အချိန်နည်းနည်းလေး လိုတယ်လေ "

သူ့စကားကြောင့် Jisoo တစ်ချက်ရယ်လိုက်မိကာ

" ဘာလို့ အဲ့လောက်ထိ အမှန်တိုင်းဖြေနေရတာလဲ "

Between UsWhere stories live. Discover now