▪︎VIII▪︎

14 6 0
                                    

At School Festival Day 🎪

" Joy ~ ငါ့ကို ကြည့်ပါဦး ဘယ်လိုနေလဲ "

" ဘာကလဲ "

သူ့စကားကြောင့် Joy ဖုန်းကြည့်နေရာက လှည့်ကြည့်လာပေမယ့် Jennie ဘာကိုမေးမှန်းနားမလည်

" နှုတ်ခမ်းနီလေ ခုနကဆိုးတဲ့ဟာနဲ့ အခုဆိုးထားတဲ့ဟာ ဘယ်ဟာပိုလှလဲ "

" ဘာကွာလို့လဲ "

သူ့ကို မေးမိတာကိုက Jennie မှားတာပါ

" အလှတွေပြင်ပြီး ဘာလုပ်မလို့လဲ ရည်းစားဟောင်းကို ပြန်ဆွဲဆောင်ဖို့လား "

လိုက်စနေတဲ့ Joy မျက်စောင်းတစ်ချက် လှိမ့်ထိုးပစ်လိုက်တယ်

" တော်စမ်းပါ "

" Sungjae Oppa တို့ team ကို vote ပေးလိုက်ပြီး hehe "

Popular team ရွေးဖို့အတွက် vote ပေးထားတာကို ဂုဏ်ယူစွာနဲ့ လာပြတဲ့ Joy ကို စိတ်ပျက်သလိုကြည့်ရင်း

" နင့်အဖွဲ့သားတွေတော့ ပျော်နေတော့မှာပဲ ကိုယ့်အဖွဲ့ကိုယ် vote မလုပ်တဲ့ အဖွဲ့ဝင်ကြောင့် "

" ဘာလဲ ထပ် vote ရင်ရတာပဲလေ "

" တစ်ဖွဲ့တည်းကို vote လို့ရတာလေ ဂေါက်ကြောင်ရဲ့ "

" ဟာ .. "

.
.
.

" Jennie ah ~ ရောက်လာပြီးလား ဟိုဘက်မှာ waffle လေး ကူလုပ်ပေးပါဦး "

Joy ကို ထားခဲ့ပြီး သူတို့အဖွဲ့ဆီကို ထွက်လာခဲ့ပေမယ့် ဘေးချင်းကပ် အဖွဲ့ကို သတိထားကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင် Jisoo တို့ Team

Jennie က စိုက်ကြည့်နေပေမယ့် Jisoo ကတော့ သူ့ကို တစ်ချက်လေးတောင် ပြန်လှည့်ကြည့်မလာ Jennie တာဝန်ရတဲ့နေရာကလည်း Jisoo ဘေးမှာတင် တမင်စီစဥ်ထားကြသလားပဲ

သူတို့အတန်းပိုင်ဆရာမ ရောက်လာပြီး Jennie လုပ်ထားတဲ့ waffle လေးကို ယူမြည်းကြည့်ကာ အရသာရှိတယ်ပြောတော့ Jennie က သဘောတကျနဲ့ ရယ်နေတာ

သူရယ်နေတာကို Jisoo မငေးမိဘူးဆိုလိမ်ရာကျမှာပေါ့ Jennie ရယ်နေတာကို သူဘယ်လောက်တောင် သဘောကျခဲ့ရလဲ ရယ်လိုက်တိုင်း သွားသေးသေးလေးတွေက အစီအရီပေါ်လာတာလည်း ချစ်စရာ ပါးမို့မို့လေး၂ဖက်ကလည်း အူယားဖို့ကောင်းနေတာကို

ဆရာမက သူတို့ ၂ယောက် ဘေးချင်းကပ်ဖြစ်နေတာကို သတိထားမိတော့

" ဘာလဲ ၂ယောက်သား ကပ်နေပြီး ဆော့နေဦးမလို့လား သေချာပြင်ကြနော် အချစ်ငှက်လေးတွေ လုပ်မနေဘဲ "

ဆရာမ စနောက်ပြီး ထွက်သွားတာကြောင့် Jennie ရော Jisoo ပါ နေရခက်သွားတယ်

Jennie ဖိနပ်ကြိုးပြေနေတာမလို့ အောက်ထိုင်ချကာ ချည်ဖို့အလုပ် Jisoo ဝတ်ထားတဲ့ ခြေအိတ်လေးကို လှစ်ခနဲ လှမ်းမြင်လိုက်တယ် သူတို့ ဆင်တူဝယ်ထားတဲ့ ခြေအိတ်လေးကို ဝတ်ထားတာမလို့ Jennie မျက်နှာမှာ အပြုံးလေးတစ်ခုဖြတ်ပြေးသွားတယ်

Between UsWhere stories live. Discover now