▪︎VI▪︎

17 6 0
                                    

Jennie ကုတင်ပေါ်မှာ လှဲနေရင်း ဖုန်းကိုလှမ်းကြည့်တော့ ဖုန်းcall လည်းမရှိသလို msg ဝင်နေတာမျိုးလည်းမမြင်ရ

အပြစ်မရှိတဲ့ ဖုန်းကိုသာ မျက်စောင်းတစ်ချက်ထိုးပစ်လိုက်ရင်း

" နှလုံးသားမရှိတဲ့လူပဲ Kim Jisoo! အဲ့လိုပြောလိုက်တာနဲ့ ပြီးသွားရောလား စိတ်တိုလိုက်တာ "

ဖုန်းကောက်ကိုင်ရင်း insta feed ကြည့်မိတော့

" အချစ်ရေးကြောင့် တွေဝေနေရတဲ့သူတွေ ဆက်သွယ်ပြီး ဆွေးနွေးလို့ရပါတယ် "

ကျောင်းရဲ့ sns account က တင်ထားတာဖြစ်သည် radio လွှင့်ဖို့အတွက် storyline ရွေးတဲ့ သဘောမျိုးသာ

Jennie ကတော့ Jisoo ကို မကျေနပ်တဲ့စိတ်နဲ့ သူတို့​ပြဿနာအကြောင်းကို အစအဆုံးရေးကာ ပို့လိုက်ပြီး ဖုန်းပိတ်ကာ အိပ်ပစ်လိုက်တော့သည်

.
.
.

ကိုးရီးယားစာ အတန်းချိန်ဖြစ်သည် ဆရာက စာသင်နေပေမယ့် စာအုပ်ထဲ အရှေ့ သင်ထားတဲ့ တစ်လုံးထဲကို စာအုပ်ထဲ ဆက်တိုက်ရေးချနေတဲ့ Jisoo က စာထဲလည်း အာရုံရပုံမပေါ်

" 수 화 상 극 ( ဆူ ဟွာ ဆန်းင် ဂု ) "

Jisoo နားထဲ ဖြတ်ခနဲဝင်လာတဲ့ ဆရာ့ရဲ့အသံ

" မတူညီတဲ့ အရာ၂ခု ဥပမာ ရေနဲ့မီးလိုမျိုးပေါ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတဲ့အခါမျိုးမှာ တူတူရှိဖို့ ပေါင်းစပ်ဖို့ဆိုတာ ခက်ခဲတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ "

Jennie ပြောခဲ့တဲ့ စကားတွေ တစ်ခုချင်း ပြန်ကြားယောင်နေတာမလို့ ကိုင်ထားတဲ့ ဘောပင်ကို ခုံပေါ်ဆောင့်ချလိုက်မိတယ်

Jennie မှာလည်း ဂီတအတန်းချိန်မှာ Drum ကို Jisoo အမှတ်နဲ့တီးနေသလားပဲ ဆရာမ ဝင်တားတာတောင် တော်ရုံနဲ့ မရပ်လိုက်ပေ

အဲ့လောက်ဆို Joy ကတော့ သူတစ်ခုခုဖြစ်နေတာ ခန့်မှန်းမိနေပြီး

.
.
.

📻🎙

" သိပ်မကြာသေးခင်က ချစ်သူနဲ့ ဟန်မြစ်မှာ ဒိတ်လုပ်ဖို့သွားခဲ့ပါတယ် "

နားနေချိန်မှာ ကျောင်းထဲပျံ့လွင့်လာတဲ့ ရေဒီယိုသံကြောင့် Jisoo လမ်းလျှောက်နေရာက ရပ်လိုက်မိသလို Jennie လည်း မိတ်ကပ်ပြင်နေတဲ့ လက်တွေ တန့်သွားသည်

📻🎙

" သူက ထမင်းစားပြီးလာခဲ့တာမလို့ ဗိုက်ပြည့်နေပြီး ကျွန်မပြင်လာတဲ့ အစားအစာတွေကို မစားနိုင်တာ နားလည်ပါတယ် တွေ့တဲ့အချိန်ကလည်း နောက်ကျနေတာမလို့ နားလည်ပေးလို့ရပါတယ်

ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာက ဘာလဲဆိုရင် အဲ့ဒါကို အမှန်တိုင်း မပြောခဲ့လို့ပါပဲ ထမင်းစားခဲ့ရင် စားခဲ့တယ် အိမ်ပြန်ချင်တယ်ဆို ပြန်ချင်တယ် နေမကောင်းဖြစ်နေရင် နေမကောင်းဖြစ်နေပါတယ်လို့ ဘာလို့မပြောခဲ့တာလဲလို့ပါ တခြားသူလည်းမဟုတ်ဘူး သမီးရည်းစား ဆက်ဆံရေးကို အဲ့လောက်တောင် မပြောပြနိုင်ဘူးလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ် .. ကဲ .. ဇာတ်လမ်းကတော့ ဒီအထိပါပဲ "

Between UsWhere stories live. Discover now