▪︎I▪︎

38 6 0
                                    

" Jendeukie ထ​တော့​လေ ​ကျောင်းနောက်ကျ​တော့မှာပဲ "

" umm 5 မိနစ်ပဲ "

" မ​စောင့်ဘဲ သွားလိုက်ရမလား "

ထိုစကားကြား​တော့ Jennie Kim တစ်​ယောက် အိပ်​နေရာက​နေ ​ငေါက်ခနဲထထိုင်လိုက်သည်

" Unnie က မ​ကောင်းဘူးကွာ " (pout)

" ​ဟော.. ဘာမှလည်း မလုပ်ရ​သေးတာကို "

" မသိဘူး ငါ့ကိုမ​စောင့်ဘဲ ​ကျောင်းသွားမယ်လို့ ​ပြောရလား "

" စတာ​ကို စိတ်ဆိုးသွားတာလား aigoo ချစ်ဖို့ကောင်းလိုက်တာ တစ်​ယောက်တည်း ထားခဲ့စရာလား ငါ့ရဲ့​ဖက်ထုပ်လေးကို ​တော်ကြာ လမ်း​ပျောက်​နေရင်ဘယ်လိုလုပ်မလဲ "

"​ ငါ့ကိုထပ်ပြီး ​အဲ့လိုခေါ်ပြန်ပြီး မဟုတ်ပါဘူးဆို​နေ "

" အင်းပါ အင်းပါ သိပါပြီး အခု​တော့ မျက်နှာသွားသစ်​တော့​နော် ​အောက်မှာ​စောင့်​နေမယ် ပြီးရင် မြန်မြန်ဆင်းလာခဲ့ "

" ဟုတ် "

.
.
.

Jennie တစ်ယောက် ​ကျောင်းသွားဖို့ ပြင်ဆင်ပြီး ​အောက်ဆင်းလာ​တော့ ​မေ​မေတို့နဲ့တူတူ ရယ်​မောရင်း Breakfast စား​နေတဲ့ သူ့​ဘေးဝင်ထိုင်လိုက်ရင်း

" ဘာလဲ ဘာ​တွေ ဒီ​လောက်ရယ်​နေတာလဲ ထပ်ပြီး ငါ့အ​ကြောင်း အတင်းတုပ်​နေတာလား "

" ​အိမ်ချင်းကပ်ရပ်လည်းမဟုတ်ဘူး တစ်လမ်း​​ကျော်ခြားတာကို​တောင် ​နေ့တိုင်းလာနှိုး​နေတဲ့ Jisoo လေးကို အားမနာဘူးလား ညဥ့်နက်တဲ့ထိ ဂိမ်း​တွေ​မဆော့ပါနဲ့လို့ပြောလည်း နားမထောင်ဘူး အဲ့ဒါ​ကြောင့် မထနိုင်​တာ​ပေါ့ "

" ဟွန့် အားနာစရာလား ​မာမီကလည်း ကိုယ့်သမီးကို ပြောဖို့ချည်းပဲ ​​တော်ပြီး ​ကျောင်းသွား​တော့မယ် "

​ပေါင်မုန့်တစ်ချပ်ယူလိုက်ရင်း စူပုတ်ပုတ်နဲ့ ​ကျောင်းသွားဖို့ပြင်လိုက်​ပေမယ့် အခုထိထိုင်လျက်အ​နေအထားနဲ့ ​ရယ်​နေတဲ့သူ့ကို မျက်​စောင်းထိုးလိုက်ရင်း

" ဘာလုပ်​နေတာလဲ ​ကျောင်းမသွားဘဲ တစ်နေ့လုံးထိုင်ရယ်​နေ​တော့မှာလား ​နေခဲ့လိုက်​တော့ အဲ့ဒါဆိုလည်း "

" အယ် .. မဟုတ် .. ခဏ​နေပါဦး "

စိတ်​ကောက်ပြီး ​ကောက်ကာငင်ကာထွက်သွားတဲ့ ပေါက်စနောက်ကို Jisoo တစ်​ယောက် လွယ်အိတ်ကိုအမြန်ဆွဲပြီး ​ပြေးလိုက်ရ​တော့သည်

" Kim Jennie ssi!! Ruby Janeလေးရေ~ ​နေပါဦး Chu ကို မ​စောင့်​တော့ဘူးလား "

သူ့​နောက်ကို အမှီလိုက်ရင်း အနား​ရောက်​တာနဲ့ လက်ကိုဆုပ်ကိုင်လိုက်မှပဲ က​လေးပေါက်စက ​ခြေလှမ်း​​တွေရပ်ပစ်ရင်း စူပုတ်ပုတ်​လေးနဲ့ လှည့်ကြည့်လာတယ်

" Aigoo ငါ့ရဲ့ဝက်ဝံပေါက်လေးက စိတ်ကြီး​နေတာပဲ "

" ထပ်စပြန်ပြီး Chu! ငါတကယ်စိတ်ဆိုးလိုက်တော့မှာ​နော် "

" အင်းပါ မစ​တော့ဘူး "

Jisoo က ရယ်​လိုက်ရင်း သူ့လက်က​လေးကို ပိုပြီး တင်းကြပ်စွာဆုပ်ကိုင်လိုက်​တော့ လက်​သေး​သေး​လေးက ပြန်လည်ဆုပ်ကိုင်လာသည်

" ဒါနဲ့ Chu~ Chaeyoung​ရော ​ကျောင်းသွားနှင့်ပြီးလား "

" အာ ဟုတ်သားပဲ သူဒီ​နေ့ ​ကျောင်း​စော​စောသွားရမယ်​ပြောထားတာ ​မေ့ပြီး မနှိုးလိုက်မိဘူး မေမေနှိုးပါ​စေလို့ ဆု​တောင်းရမှာပဲ "

" အိမ်ကို ဘယ်လို​ပြောပြီးထွက်လာတာလဲ Chaeyoungie ကို ထားခဲ့ပြီး​တော့ "

" ​ဒီ​နေ့ ​student council အစည်းအ​ဝေးရှိလို့ ​စော​စောသွားရမယ်ဆိုပြီး​တော့​လေ ဟီး "

" ငါ့ကိုအဲ့​လောက်​တွေ့ချင်​နေတာလား တစ်ဦးတည်း​သော ညီမ​လေးကို ချန်ခဲ့ပြီး​တော့​လေ ခ်ခ် "

​ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်​တော့ Jennie က တခစ်ခစ်နဲ့ရယ်တယ် ခုနက စိတ်ဆိုး​နေတာက သူ မဟုတ်တဲ့အတိုင်း

​" ​ကျောင်းကို မြန်မြန်သွားရ​အောင် နောက်ကျ​တော့မှာပဲ "

" ဟင် ဘယ်သူ့​ကြောင့်​လဲ အဆိုး​လေးကို နှိုး​နေရလို့ မဟုတ်လား "

" ahh Unnie! "

သူစိတ်ဆိုးနေတဲ့အခါမျိုးဆို Unnie ဆိုတဲ့ အသံ တန်းထွက်လာတယ် အဲ့လိုခေါ်တာလေးလည်း Jisoo က ချစ်နေရတာပဲ

" Umm ​ကျောင်း​နောက်ကျ​တော့မှာပဲ မြန်မြန်သွားရ​အောင် "

သူ့လက်ကိုဆွဲပြီး​ပြေးသွားတဲ့ Jisoo ​နောက်ကို Jennie Kim တစ်​ယောက် အ​ပြေး​လေးလိုက်ရပါ​တော့တယ်

ဟုတ်ပါတယ် Jennie Ruby Jane က Kim Jisoo ရဲ့ သည်းသည်းလှုပ်ချစ်ရတဲ့ ချစ်သူ​လေး

Jisoo က Jennie ထက် တစ်နှစ်ကြီးတဲ့ စီနီယာ​ဖြစ်ပြီး Jennie အလယ်တန်း​ ​နောက်ဆုံးနှစ်​လောက်က စတွဲဖြစ်ကြတာပဲ

အခုတော့ Jisoo က အထက်တန်း​နောက်ဆုံးနှစ် တွဲလာတဲ့သက်တမ်းက ၂နှစ်​ကျော်လောက်ရှိပြီးဆို​ပေမယ့် ဒီကြားထဲ စိတ်ဆိုးစိတ်​ကောက်ရင်း လမ်းခွဲလိုက်ပြန်တွဲလိုက်နဲ့ သံသရာလည်​နေ​တော့တာ

Park Chaeyoung က​တော့ Jisoo ရဲ့ ၂​ယောက်မရှိတဲ့ ညီမတစ်ဝမ်းကွဲ​လေး Chaeyoung ရဲ့မေ​မေနဲ့ Jisoo ရဲ့​မေ​မေနဲ့က ညီအစ်မအရင်းကြီး​တွေ Chaeyoung မေမေက သြဇီမှာအိမ်​ထောင်ကျပြီး ဟိုမှာပဲအ​ခြေချ​နေ​ပေမယ့် Park Chaeyoung က​တော့ ကိုးရီးယားမှာပဲ​ကျောင်းတက်ချင်တယ်ဆိုလို့ Uncle နဲ့ Aunty ကလည်း မနိုင်တာနဲ့ Jisoo ရဲ့ အိမ်ကို ပို့ထားလိုက်​တော့တာပဲ

.
.
.

" ahh! Jisoo Unnie! နှိုးပါဆိုတာကို အခု​တော့ ​နောက်ကျ​နေပြီး Alarm က တန်းစီပြီး​ပေးထားတာ​တောင် ဘာလို့မမြည်တာလဲ ဖုန်းက စုတ်​နေပြီးလား မဟုတ်​သေးဘူး အဲ့ဒါထက် အခု မြန်မြန်ပြင်ဆင်ပြီး ​ကျောင်းကို သွားမှပဲ "

Chaeyoung တစ်​ယောက် ပြင်ဆင်ပြီး ​လေလိုအရှိန်နဲ့ ​ပြေးဆင်းလာတာမို့

" Chaeyoungie နိုးပြီးလား မနက်စာ စားသွား .. "

" မစား​တော့ဘူး Aunty ​ကျောင်း​ရောက်မှပဲ "

ဖိနပ်အမြန်​ကောက်စွပ်ပြီး ​ကျောင်းကို ဒ​​ရော​သောပါး​ပြေးရ​တော့သည်

ဒါက​တော့ ရည်းစားကလွဲရင် ဘာမှမမြင်တဲ့ အစ်မရထားတဲ့ Park Chaeyoung ရဲ့ ဒုက္ခ​လေးတဖြတ်ပေါ့ :((

.
.
.

TBC 》 》》

ကြည့်ဖူးတဲ့ Web drama တစ်ခုကနေ (နာမည်သေချာမမှတ်မိတော့လို့) inspire ယူပြီး ပြန်ရေးထားတာပါ

Between UsOnde histórias criam vida. Descubra agora