▪︎II▪︎

30 6 0
                                    

" ဟင့် ဘယ်လိုလုပ်ရမလဲ မခွဲချင်​သေးဘူး "

သူ့အခန်း​ရှေ့​​ရောက်​နေပြီးဆို​ပေမယ့် Jisoo ပခုံး​ပေါ်​ခေါင်း​လေးတင်ရင်း Jisoo ရဲ့ လက်မောင်းကိုလည်း သူ့လက်၂ဖက်လုံးနဲ့ အတင်းတွယ်ထား​သေးသည်

အတင်းကပ်ချွဲ​နေတဲ့ ​ကောင်မ​လေးကိုကြည့်ကာ ပြုံးလိုက်ပြီး သူ့​ခေါင်း​လေးကို ခပ်ဖွဖွပုတ်​ပေးရင်း

" Chu လည်း မခွဲချင်​သေးပါဘူး ဒါ​ပေမယ့် ဘယ်လိုလုပ်မလဲ စာသင်ရဦးမယ်လေ Chu ရဲ့ က​လေး​လေးက လိမ္မာပါတယ် ​နေ့လည်ကျရင် ကန်တင်းသွားဖို့လာ​ခေါ်ရမလား ဒီ​နေ့က အစည်းအ​ဝေးလည်းမရှိတာမို့အချိန်ရတယ် "

" ဟင့်အင်း ​ကန်တင်းမှာ ​စောင့်​​နေမယ် အဲ့ဒီကိုပဲလာခဲ့ "

" အင်းပါ အဲ့ဒါဆိုလည်း သွား​တော့မယ်​နော် အထဲဝင်​တော့ "

" Chu အရင်သွား​လေ သွားတာကြည့်ပြီးမှ ဝင်မယ် "

" မဟုတ်တာ Jendeukie ဝင်သွားတာကြည့်ပြီးမှ စိတ်​ဖြောင့်​ဖြောင့်နဲ့ သွားလို့ရမှာ​ပေါ့ "

" ဟင် မရပါဘူး Chu အရင် .. "

" ​ဒီ​နေ့ ပြီးကြဦးမှာလား စာသင်ခန်းထဲ​ကိုရောက်​တော့မှာပဲ Ruby Jane တို့က အပိုတွေသိပ်လုပ်တာ "

ရုတ်တရက်ကြားလိုက်တဲ့ အသံ​ကြောင့် ​နောက်လှည့်ကြည့်လိုက်​တော့ သူတို့ကို လက်ပိုက်ကာ နံရံမှီပြီးကြည့်​နေတဲ့ Joy

" လန့်လိုက်တာ ပတ်ခ်ဂျိုအီရယ် "

" လန့်စရာ​တွေလုပ်​နေတာကိုး တကယ်ပါပဲ ​ကျောင်းခန်းထဲဝင်ဖို့အ​ရေးကို နှုတ်ဆက်​နေတာက ခရီး​ဝေးသွား​တော့မယ့်အတိုင်း Unnie လည်း Unnie ပဲ သူ့ကို တအားအလိုလိုက်ထားတာမဟုတ်လား ​လူတိုင်း​ကြောက်ရတဲ့ student council president တဲ့ ကြားလို့မှမကောင်း "

" ​တော်ပါ နင့်မှာရည်းစားမရှိတိုင်း မနာလိုဖြစ်မ​နေပါနဲ့ "

" huh! ငါကလည်း မလိုချင်ပါဘူး နင့်လိုရည်းစားမျိုး​တော့ အလုပ်ရှုပ်လွန်းလို့ "

Jisoo က​ Joy စကား​ကြောင့်ရယ်​နေ​ပေမယ့် Jennie က​တော့ မျက်​စောင်း​တွေချည်း လှိမ့်​ကျွေးလျက်

" ကဲပါ Unnie လည်း အခုသွား​ပါတော့ ​ကျောင်းတက်​တော့မယ် ဒီအရှုပ်ထုပ်ကို အထဲ​ခေါ်​သွား​တော့မယ်​နော် ​နေ့လည်ကျရင်လည်း ​တွေ့ရမှာပဲကို "

" အင်းပါ Chu သွားပြီး​​နော် "

" ဟုတ် ​နေ့လည်မှ​တွေ့မယ် "

Jisoo ထွက်သွားတဲ့အထိ မပြီးနိုင်မစီးနိုင် လက်လှမ်းပြ​နေ​တဲ့ Jennie ကို ​Joy ကပဲ ကျောပိုးအိတ်ကဆွဲပြီး အထဲ​ခေါ်သွားရ​တော့တယ်

" ဘာလဲ ဘာဖြစ်​နေတာလဲ တကယ်ပါပဲ! "

အတန်းထဲ​ရောက်​တော့ ခုံ​ပေါ်ထိုင်လိုက်ရင်း သူ့ကိုဆွဲ​ခေါ်လာတဲ့ Joy ကို မ​​ကျေမနပ်နဲ့​ပြောတယ်

Between UsWhere stories live. Discover now