အပိုင်း(၄၉)

Start from the beginning
                                    

"သူဇာစိတ် ဟိုဖက် ဒီဖက် လွန်ဆွဲနေမှန်း မောင်သိပါတယ်။"

"ဒါပေမဲ့ မောင့်ကို ဒီလို သစ်စိမ်းချိုး မချိုးပါနဲ့လားကွာ။"

ကိုမျိုးလွင် ရင်ထဲမှာ ‌အောင့်အီးပြီး သိမ်းဆည်းထားရသော စကားတွေ အကုန်လုံးကို ဖွင့်ဟပြောဆိုလိုက်သည်။

သူဇာလည်း ဘာပြောလို့ပြောရမှန်း မသိတော့ဘဲ မျက်ရည်ဝိုင်းလာကာ ငိုချလာသည်။

"အဟင့်.......ဟင့်.......ဟင့်။"

"ဟင်......သူဇာ ငိုနေတာလား။ မငိုပါနဲ့ကွာ။ မောင်ပြောတာ မှားသွားပြီထင်တယ်။"

"မောင် တောင်းပန်ပါတယ် သူဇာရယ်။"

"အဟင့်........ဟင့်......မဟုတ်ပါဘူး မောင်။ မဟုတ်ပါဘူး။"

"သူဇာမှားတာပါ။ မောင့်ကို ချစ်တဲ့ စိတ်၊ စွဲလမ်းစိတ်ကို သူဇာ ဖြတ်နိုင်မယ်လို့ ကိုယ်ဖာသာ ယုံကြည်ခဲ့လို့ပါ။"

"တကယ့်လက်တွေ့မှာတော့ အဲလိုမဟုတ်ပါဘူးမောင်"

"မောင်ကို သူဇာ မဖြတ်နိုင်တော့ဘူးမောင်။"

"သူဇာလေ.......သူဇာ.......မောင့်ကို ရူးရူးမူးမူးချစ်မိနေပြီ ထင်တယ်။"

သူဇာ့ဆီက ရင်တွင်းစကားတွေကို အမှန်တိုင်းကြားလိုက်ရတော့ ကိုမျိုးလွင် ပျော်ရွှင်သွားသည်။

"ဒါဆိုရင်မငိုပါနဲ့တော့လား.....သူဇာရယ်......မငိုနဲ့တော့နော်......တိတ်..........တိတ်......လိမ္မာပါတယ် မောင့်မိန်းမရယ်။"

"အမယ်လေး......ပိုင်စိုးပိုင်နင်းနဲ့ ဘယ်သူက သူ့မိန်းမတုံး။"

သူဇာ မျက်ရည်စက်လက်နဲ့ ရန်တွေ့ပစ်လိုက်သည်။

"ဟုတ်လား......မသိပါဘူး.........ဒီကတော့ မိန်းကလေးက မောင်က မောင့်မိန်းမလို့ ထင်နေတာဗျာ။"

"မဟုတ်ဘူးလား......sorry ပါ........အဟတ်.......ဟတ်"

ခဏက ငိုယိုနေသော အတွဲက အခုကျတော့ ကလူကလူကျီစယ်နေသော အတွဲအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်။

မကြေလည်တာတွေ ရှင်းလင်းပြီးသွားတော့ ရပ်ထားသောကားကို ပြန်လည်မောင်းကာ ကိုမျိုးလွင် အိမ်ရှိရာသို့ မောင်းထွက်လာခဲ့သည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now