အပိုင်း(၃၈)

1.3K 2 0
                                    

ကိုမျိုးလွင်နဲ့ Emma ဖုန်းပြောပြီးတော့ ပြောထားတဲ့ နောက်တစ်ရက်ကျ ဘေးအိမ်က မင်းထက်တို့လင်မယားဆီသို့ Swingers private party လုပ်မဲ့ သွားပြောသည်။

လင်မယားနှစ်ယောက်စလုံး အစက အင်တင်တင်ဖြစ်နေပေမဲ့ နောက်ဆုံးကျ လက်ခံပြီး ကတိပေးလိုကိတော့ သူမစီစဉ်တာ အောင်မြင်သည်ဟု ဆိုရမလားပင်။

တကယ်တော့ အဖြစ်အပျက်တချို့ကိုသူမရိပ်မိနေသလိုလိုပင်။

မင်းထက်တို့ဆီနှုတ်ဆက်ပြီး ပြန်ခဲ့ပြီးအချိန်မှာ အဓိကစီစဉ်သူ ကိုမျိုးလွင် အဆင်ပြေကြောင်း Phone ဆက်ရသေးသည်။

"Hello"

"Hello ကိုမျိုးလွင် လား။ တို့ Emma ပါ တနေ့က ကိုမျိုးလွင် စီစဉ်ခိုင်းထားတာ အဆင်ပြေကြောင်းပြောချင်လို့။"

"ဟုတ်လား...Emma။ ကျေးဇူးပါဗျာ။ ဒီပွဲအကုန်အကျ အကုန်လုံး ကို တာဝန်ယူမှာပါ။"

"ဟုတ်ပါပြီရှင်။ ဒါဆို တို့ phone ချလိုက်ပြီနော်။ တို့တွေ လာမဲ့ Dec 31st မှတွေ့ကျတာပေါ့။"

"ကျေးဇူးနော် Emma။ ကို သိပ်ကျေးဇူးတင်တာပါပဲ။"

"ရပါတယ်ရှင်....ဒါဆို Bye Byeနော်။"

"Bye"

ဖုန်းချလိုက်တော့ ကိုမျိုးလွင် တွေးရင်းပျော်နေသည်။

ချစ်ရသောသူဇာနဲ့ ပြန်ဆုံရမည့်ပွဲလေးမဟုတ်ပါလား။

နေပါအုံး။

Swingers party တွေမှာ အတွဲလဲဖို့က မဲဆွဲရတာလေ။

သူမနဲ့ ကျဖို့ဖြစ်နိုင်ပါ့မလား။

လူကြံရင် ဘာမဆိုဖြစ်နိုင်ပါတယ်လေ။

ကိုမျိုးလွင် အကြံတစ်ခု စဉ်းစားမိပြီး ညစ်ကျယ်ကျယ်ပြုံးနေလိုက်သည်။

တဖက်က Emma လည်း ကိစ္စတချို့ကို ဇာတ်ရည်လည်စပြုလာသည်။

Emma က လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက မင်းထက်တို့လင်မယား သူမတို့နံဘေးအိမ်ကို စတင်ပြောင်းလာကတည်းက သတိထားမိသည်။

အစက လူရည်သန့်သန့် မြန်မာစုံတွဲတစ်တွဲက သူတို့နံဘေးအိမ်က အိမ်နီးနားချင်းဖြစ်တော့ အနည်းငယ်တော့ စိတ်အေးသွားသည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now