အပိုင်း(၃၇)

1.2K 3 0
                                    

တကယ်တော့ ဒီပွဲကို စီစဉ်သူအဓိကတရားခံမှာ Emma မဟုတ်ပေ။

ကိုမျိုးလွင်ကြီးဖြစ်သည်။

ပြန်ရောက်ကတည်းက သူ့phone မှန်သမျှ မကိုင်တော့သဖြင့် သူ မျောက်မီးခဲကိုင်သလို ပူလောင်နေရသည်။

ဖြစ်နိုင်မယ်ဆို မျက်နှာချင်းဆိုင်တွေ့ပြီး ဘာလို့အဲလိုလုပ်နေတာလဲလို့ပြောပြီး သူဇာနှုတ်ခမ်းကို ခပ်ကြမ်းကြမ်းလေး နမ်းပစ်လိုက်ချင်သည်။

သူမရှိရာနေရာကိုရောက်သွားမှ သူ့ယောကျ်ားနဲ့ဆုံခဲ့ရင် ကိုမျိုးလွင် ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို မသိ။

သူ့အဖော် ဝင့်ဝါအကြောင်းကိုလည်း ပြန်ရောက်ပြီးကာမှ အကြောင်းစုံသိရတာပင်။

သူပြန်ရောက်ပြီး (၃)ရက်လောက်ကြာမှ ဝင့်ဝါပြန်ရောက်လာသည်။

မျက်နှာလေးချောင်ကျပြီး သိပ်မလန်းသလိုဖြစ်နေသော ဝင့်ဝါကို မေးမြန်းကာမှအကြောင်းစုံ သိရသည့်အဖြစ်။

ဝင့်ဝါ၏မိခင်တစ်ယောက်လုံးဆုံးပါးသွားသောအဖြစ်ကို သူလုံးလုံးမျှ မသိလိုက်။

မသိဆို အဲချိန်က သူ သူဇာနဲ့ နှစ်ပါးသွားနေသောအချိန်ပင်မဟုတ်လား။

နေ့စဉ်ရက်ဆက်ဆိုသလို ချစ်တင်းနှောနေတာ မဟုတ်လား။

အဲတုန်းက Phone ကို ဝင့်ဝါဆီတစ်ခေါက်မှ မဆက်ဖြစ်လိုက်။

ဝင့်ဝါကလည်း ကိုမျိုးလွင် ခရီးထွက်နေမှန်းမသိ။

သူ့မြို့မှာပဲ သူရှိနေသည်ဟု ထင်တာပင်။

ပြီးတော့ အသုဘတွေ ထဖြစ်တော့ ကိုမျိုးလွင်ကို သူမဆီရာလှမ်းခေါ်ရတော့ သူရောက်လာခဲ့ရင် သူမ ဘယ်လိုခေါင်းစဉ်တပ်ပြီး မိတ်ဆက်ပေးရမှန်း သူမ မသိ။

သူမခင်ပွန်းဟု နှုတ်ဆက်ရအောင် တရားဝင်လက်ထပ်ထားတာ မဟုတ်သေးပေ။

အတူနေ ချစ်သူအဆင့်ထိသာ ရှိသေးသည်။

အဲလိုမျိုး သူမ ပတ်ဝန်းကျင်ကိုပြောရင် အနည်းငယ်ရှေးရိုးဆန်သော သူမ ပတ်ဝန်းကျင်က သူမကို အပျက်မသာသာ သမုတ်ခံရမှာစိုးသဖြင့် အသိကို မပေးဖြစ်လိုက်ပေ။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now