အပိုင်း(၄၀)

Start from the beginning
                                    

"ဟုတ်လား"

ကိုမျိုးလွင် ဟု နာမည်အသံကြားလိုက်ရတိုင်း သူဇာရင်ထဲ တချက်တချက်တော့ လှုပ်ခတ်သွားသည်။

"ကိုမျိုးလွင်က တမင်ကြီးအစောကြီး လာကြတာလေ။"

"Chef ဆိုတော့ အကုန်လုံး သူပြင်ဆင်ပေးချင်လို့တဲ့"

"အင်း...."

အိမ်ထဲရောက်တော့ Johnနဲ့ စကားလက်ဆုံကျနေသော ကိုမျိုးလွင်အဖော် ဝင့်ဝါကိုတွေ့လိုက်ရသည်။

ဝင့်ဝါက အခုမှ နှစ်ဆယ်စွန်းစွန်းလေးပဲ ရှိသေးတော့ ငယ်မူငယ်သွေးအပြည့်နဲ့ အလွန်လှပနေလေသည်။

ဝတ်ထားတာကလည်း ပန်းရောင် shoulder off အင်္ကျီလေးနဲ့ ကိုယ်ကြပ် ပန်းရောင်ဂါဝန်လေးနဲ့ လုံးဝ ငယ်မူငယ်သွေးပြည့်ကာ လှပနေသည်။

"မသူဇာ.......ဝင့်ဝါတို့မတွေ့ရတာ အရမ်းကြာနေပြီရော"

"ဟုတ်ပ။ ဝင့်ဝါတို့အဆင်ပြေနေကြတယ်မလား"

"ဒီလိုပါပဲ။ တလောက ဝင့်ဝါအမေ အသုဘဖြစ်လို့ အိမ်ပြန်သွားတာလေ"

"ဟုတ်လား"

"အင်း......ဒါကြောင့် ကိုမျိုးက ဝင့်ဝါကို စိတ်ပြေသွားအောင် သူကိုယ်တိုင်ဦးဆောင်ပြီး Party လုပ်ပေးတာလေ"

သူဇာ သတင်းကြားရတော့ စိတ်မကောင်းဖြစ်သွားသည်။

ဝင့်ဝါ သူမအမေအသုဘဖြစ်လို့အလုပ်ရှုပ်နေတုန်း ကိုယ်က သူ့အဖော်နဲ့ ကာမနွံထဲမှာ မိုးမမြင်လေမမြင်ပျော်မြူးနေခဲ့တာလေ။

"ကဲ အားလုံးလာကြပါတော့ စားလို့ရပါပြီ"

Apron ဝတ်ထားတဲ့ ကိုမျိုးလွင် မီးဖိုချောင်က စကားတပြောပြောနဲ့ထွက်လာသည်။

မမြင်ရတာကြာလို့လားပဲ။

သူ ပိုကြည့်ကောင်းလာသလိုပင်။

သူဝတ်နေကြအတိုင်း Polo shirt အသားရောင်နဲ့ ဂျင်းဘောင်ဘီ Slim fit မှိုတက်လေး တွဲဝတ်ထားတော့ လူငယ်လေးတယောက်နှယ် နုပျိုနေသည်။

ကိုမျိုးလွင်လည်း သူဇာကို အခုမှမြင်ကာ အကြည့်ချင်းဆုံမိသွားသည်။

သူ့အကြည့်တွေကို သူဇာ နားလည်နေသလိုပင်။

သူဇာ သူမကအရင် အဆက်အသွယ် စဖြတ်ထားသူဆိုတော့ ခပ်အန်းအန်းတော့ ဖြစ်နေသေးသည်။

"လာ.....လာ.....Let's start the party."

Emma က တက်တက်ကြွကြွနဲ့ စတင်လိုက်သည်။

Beef steaks၊ အာလူး curry၊ Vegetable salad ၊ ဝိုင်။

အကုန်လုံးကို အနောက်တိုင်းဆန်ဆန်ပြင်ဆင်ထားသည်။

"So good, Mr. Myo"

အစားအသောက်တွေအကုန်အဆင်ပြေသဖြင့် Johnတောင် ချီးကျူးလိုက်သေးသည်။

စားသောက်ပြီးလို့ အချိုပွဲက စတော်ဘယ်ရီရေခဲမုန့်။

သူဇာ အချိုပွဲစားချိန်မှာ ရေခဲမုန့်ကို မြင်တော့ချောင်းသာကို ပြန်သတိရသွားပြန်သည်။

သူ တမင်လုပ်နေတာများလားကွယ်။

သူဇာ အချိုပွဲစားချိန်မှာ ရေခဲမုန့်ကို မြင်တော့ချောင်းသာကို ပြန်သတိရသွားပြန်သည်။

သူ တမင်လုပ်နေတာများလားကွယ်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now