အပိုင်း(၃၀)

Start from the beginning
                                    

"အား..မသိဘူး..ကျွန်မမကြားချင်ဘူး..သခင်ဆိုတဲ့သူကိုကျွန်မကြောက်တယ်..သခင့်ကိုကြောက်တယ်"

သူကအရူးတစ်ယောက်လိုအော်ဟစ်သောင်းကျန်ပစ်နေသည်။သခင် သူ့ကိုကြည့်ရင်းဝမ်းနည်းလာမိသည်။

"ဘာမှမဟုတ်ဘူးနော် သမီးလေး..ဘာမှမတွေးနဲ့နော်..သခင်ဆိုတာ ဘယ်သူမှမဟုတ်ဘူးနော်"

အလင်းဖေဖေက ဖျောင်းဖျပေးကာ သူ့သမီးကိုဖက်ထား၏။ အခုထိ ကလေးငယ်ပုံစံဟာကြောက်ကြောက်လန့်လန့်ရှိနေသေးသည်။

'ကလေးရယ် မမကမင်းအတွက်မကောင်းဆိုးဝါးတစ်ခုထက်ပိုနေခဲ့တာပဲ...အတိတ်မေ့နေတာတောင် မမကမင်းအပေါ်မကောင်းခဲ့ဘူးဆိုတာတော့ သိနေခဲ့တာပဲ'

"ဖေဖေ..ကျွန်မနာမည်ကဘယ်သူလဲဟင်"

ဘေးနားမှာရှိတဲ့လူတွေကိုတစ်ချက်မှမကြည့်ဘဲ သူ့အဖေလို့ ထင်တဲ့သူကိုသာတွယ်ကပ်နေသည်။

"လင်းရောင်စဉ်နွယ်လေ သမီးရဲ့"

"ဟင်...နာမည်ကြီးကလှလည်းမလှဘူး"

ကလေးတစ်ယောက်လိုစူပုတ်ကာပြောနေသောသူ့စကားကြားကြောင့် စိတ်ညစ်နေတဲ့ကြားမှရယ်မိပြန်သည်။အခြားသူများလည်းသခင့်နည်းတူရယ်နေကြ၏။

"လှပါတယ် သမီးလေးနာမည်က"

သူကတော့ စူပုတ်ပုတ်လုပ်နေသေးသည်။

"ကျွန်မ ဘယ်တော့မှမှတ်ဉာဏ်တွေပြန်ရမှာလဲဟင်...ဘာလို့အခုလိုဖြစ်သွားတာလဲ"

"သမီးလေး မတော်တဆမှုဖြစ်သွားတာလေ..မှတ်ဉာဏ်တွေက ခဏပဲမေ့တာပါသမီးလေးရဲ့..နောက်ကျရင် ပြန်ကောင်းလာမှာနော်"

"မေမေကရောဟင်"

"သမီးမေမေကသမီးငယ်ငယ်လေးကတည်းကဆုံးသွားတာလေ သမီးရဲ့"

"ဪ"

"ရောင်စဉ် ငါ့ကိုသိလားဟင်"

ခေါင်းရမ်းမိပြန်သည်။ဘယ်လူတစ်ယောက်၊ဘာတစ်ခုကိုမှ မမှတ်မိတာပါ။

"အလင်း..ဘာမှမဖြစ်ဘူးနော်..နောက်ကျရင် မှတ်ဉာဏ်တွေပြန်ရမှာပါ"

သူ့မျက်လုံးတွေကအခြားသူတွေထက်နူးညံ့လိုက်တာ။သူ့မျက်လုံးတွေမှာတစ်ခုခုရှိနေပုံပဲ။ကိုယ်ဟာ အတိတ်မေ့နေတဲ့သူတစ်ယောက်ဖြစ်နေတာတောင် သူကိုတော့ရင်းနှီးနေမိသည်။

သခင် (Completed)Where stories live. Discover now