အပိုင်း(၃၈)[ဇာတ်သိမ်းပိုင်း]

13K 476 22
                                    


Unicode

ဒီနေ့ ကိုယ့်မွေးနေ့ဖြစ်သောကြောင့်သခင်နဲ့အတူတူဘုရားသွားကာ ကုသိုလ်ယူခဲ့ကြသည်။

"သခင်"

"ပြောလေ အလင်း"

"သခင် ဘာတွေဆုတောင်းခဲ့တာလဲ"

"မမရဲ့ အလင်းတန်းလေး အသက်ရှည်ကျန်းမာစေဖို့ပေါ့"

"နောက်တစ်ခါ  လင်းအတွက်ဆုမတောင်းနဲ့..သခင့်အတွက်ပဲသခင်ဆုတောင်းပါ သခင်ရဲ့"

"မင်းလည်း မမအတွက်ပဲဆုတောင်းခဲ့တာမလား"

ကိုယ့်စိတ်ကိုသခင်သိနေခဲ့တာလား။
ပြီးတော့ သခင်ကယုံကြည်နေခဲ့သည်။တစ်နည်းအားဖြင့် သခင့်အပေါ်ထားတဲ့ကိုယ့် အချစ်တွေကို သခင်မြင်နိုင်ခဲ့တာပဲ။

"အဲ့ဒါကတော့ကိုယ့်ကိုယ်ကိုထက် သခင့်ကိုပိုချစ်လို့ကို"

"မမလည်း မင်းလိုပဲပေါ့"

သခင့်မျက်နှာလေးသည်အေးချမ်းနေရောပဲ။တစ်ချိန်က အမြဲလိုလိုအလိုမကျဖြစ်နေတဲ့ မျက်နှာမျိုးမဟုတ်တော့။သခင့်စိတ်ထဲ အပူအပင် အငြိုးအတေးတွေကင်စင်သွားခဲ့လို့ဖြစ်မှာပါ။

"ကြားထဲမှာ မမမေးမလို့ဆိုပြီးမမေးမိခဲ့ဘူး"

"ဘာများလဲသခင်"

"ဟိုးအရင်တစ်ခါတုန်းက မမမွေးနေ့မှာ မမအတွက်ဝတ္ထုငွေကို မမနာမည်နဲ့လှူခဲ့သေးတယ်မလား"

"သခင် ဘယ်လိုသိတာလဲ"

"အဲ့ဒီနေ့က မမ မင်းကိုမြင်ခဲ့တယ်လေ..ဇွန်ဦးခိုင်ဆိုတဲ့တစ်ယောက်လည်းမင်းဘေးမှာပါတယ်လေ"

သခင်သိခဲ့တာပဲ။ဘာပဲဖြစ်ဖြစ်ပျော်မိပါသည်။
အဲ့ဒီအချိန်တွေတုန်းကသခင်က ကိုယ့်ကိုမုန်းနေခဲ့တာ‌ေတာင် သူ့အပါ်မှာမေတ္တာမပျက်ခဲ့ဘူးဆိုတာ သခင်သိလောက်မှာပါ။

"ဟုတ်တယ် သခင်ရဲ့ အဲ့ဒီနေ့က သခင့်ကိုမြင်တယ် သိလား...နှုတ်မှမဆက်ရဲခဲ့တော့..ဒီအတိုင်းလေးပဲကြည့်နေခဲ့ရတာ"

"အခုတော့ မမကိုကြောက်စရာမလိုတော့ဘူးနော်"

"မကြောက်ပါဘူး...ချစ်တာ"

"စကားတတ်လေး"

***

ဒီနေ့သခင့်ကိုလက်ထပ်ခွင့်တောင်းရမည်။လက်ထပ်ပြီးသားဆိုပေမဲ့ အရင်တုန်းက
သခင့်ဆန္ဒမှမပါဝင်ခဲ့တာ။အခုညချမ်းလေးမှာ မွေးနေ့လည်းဖြစ်လို့ အမှတ်တရလည်းဖြစ်ချင်မိသည်။သခင်စိတ်လိုလက်ရလက်ခံတဲ့ အတည်ပြုမှုလေးလိုချင်မိသည်။

သခင် (Completed)Where stories live. Discover now