အပိုင်း(၄)

6K 311 10
                                    

Unicode

"သမီးလေး ဘာလို့ငိုနေတာလဲ"

"ဟင်..ဖေဖေလား"

သခင့်ဆီမှအပြန် အိမ်ရောက်တွင်
မထိန်းနိုင်စွာငိုချမိသည်။ ကိုယ့်အခန်းထဲသို့ဘယ်သူ့မှဝင်မလာလောက်ဘူးထင်ကာတံခါးအားမပိတ်မိခဲ့။ဖေဖေက ဘယ်လောက်ပဲအရေးကြီးကြီးတံခါးခေါက်ပြီးမှသာဝင်တတ်သည်။ဒီနေ့မှဖေဖေသည် တံခါးမခေါက်ဘဲဝင်လာခဲ့သည်။‌
အခုတော့ကိုယ်ငိုနေတာဖေ‌ဖေသိသွားခဲ့သည်။

"လွန်းလေးကသမီးကိုဆူလိုက်လို့လား"

"မဟုတ်ပါဘူးဖေဖေ"

"ကဲဒါဆို ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး"

"ဖေဖေ့ကိုမညာပါနဲ့...သမီးမမကြောင့်ငိုလာတာဖေဖေသိတယ် ဖေဖေ့ကိုပြောပြနော်"

"ဟင့်ဟင့်..ဖေဖေ သခင့်မှာချစ်သူရှိနေပြီ...သမီးလေအရမ်းဝမ်းနည်းတယ်ဖေဖေ...သခင့်ကိုသူများဆီပါသွားမှာကြောက်တယ်.."

"သမီးလေးကဘာလို့ လွန်းလေးကိုသူများဆီပါမှာကြောက်တာတုန်း"

"မသိဘူးဖေဖေ..ဒါပေမဲ့ သခင့်ကိုဆုံးရှုံရမှာကြောက်တယ်..သခင့်ကိုဆုံးရှုံးရပြီလို့တွေးကြည့်ရင်သမီးရင်ဘတ်တွေအောင့်လာတယ်"

မပိုင်ဆိုင်ဖူးပါဘဲနှင့်ဆုံးရှုံးမှာကြောက်နေတာတော့ရယ်ချင်စရာကောင်းလွန်းသည်မဟုတ်လား။
ဒါပေမဲ့လည်း သခင့်ကိုမဆုံးရှုံးချင်ဘူး။

"သမီးဘာမှစိတ်မပူနဲ့ ...သမီးမမကိုဘယ်သူမှ သမီးဆီကယူလို့မရအောင်ဖေဖေကာကွယ်ပေးမယ်"

"ဖေဖေကဘယ်လိုကာကွယ်ပေးမှာလဲ"

မယုံတယုံမျက်ဝန်းတွေနဲ့ဖေဖေ့ကိုကြည့်လိုက်မိ၏။တကယ်တမ်းလည်းဖေဖေသည် ကိုယ်လိုချင်သမျှကိုရအောင်လုပ်ပေးခဲ့တာချည်းပါပဲ။အခုကိစ္စမှာလည်း ဖေဖေကူညီနိုင်ရင်သိပ်ကောင်းမှာပဲ။

"ဒါတော့သမီးကိုပြောပြလို့မရသေးဘူး..အချိန်ကျရင်တော့ဖေဖေစီစဉ်တာလက်ခံရမယ်နော်"

"အဲ့ဒါဆို သခင့်ကိုမဆုံးရှုံးရတော့ဘူးလား"

"ဒါပေါ့ သမီးရဲ့"

သခင် (Completed)Where stories live. Discover now