အပိုင်း(၃)

6.2K 330 4
                                    

Unicode

၃နှစ်ခန့်ကြာသော်

"ဖေဖေ  သမီးဒီနေ့တက္ကသိုလ်စတက်ရမှာ နောက်မကျချင်ဘူး လိုက်ပို့တော့နော်"

မိမိမှာတော့ ပထမဆုံးနေ့ဆိုတော့ နောက်ကျမှာစိုးသဖြင့် ပြင်ဆင်ပြီးနေပြီ။
ဖေဖေကတော့အခုထိ ခပ်နှေးနှေးလုပ်နေသည်။

"အင်းပါ သမီးလေးရယ်...အခုပဲပို့မလို့ပါ"

"ဟုတ်ဖေဖေ..နောက်ရက်တွေကျရင် သမီးဘာသာသွားမယ်....ဖူးမြတ်လည်းအဖော်ပါတယ်လေ"

"သမီးသဘောပါ..ကဲကဲ အခုတော့သွား‌ဖေဖေလည်းပြီးပြီ..သွားရအောင်နော်"

"ဟုတ်"

ဖေဖေကကျောင်းရှေ့ထိလိုက်ပို့သည်။
ဖူးမြတ်ကိုလည်းကျောင်းအပြင်မှာစောင့်မယ်လို့ပြောထားသဖြင့် ကျောင်းဝန်းထဲမဝင်သေး
ဘဲအပြင်မှာပဲစောင့်နေလိုက်သည်။

ဖေဖေ့မှာအလုပ်လည်းရှိ‌သေးသဖြင့် ပြန်ခိုင်း
လိုက်သည်။

ခဏကြာတော့ ‌ဖူးမြတ်ရောက်လာသည်။

"ရောင်စဉ်..နင်ကစောလှချည်လား"

"စောရမယ်လေ..ဒါနဲ့နင့်ကိုမမယုလိုက်ပို့တာလား"

"အင်း..ဟုတ်တယ်"

ခဏကြာတော့ကားပေါ်မှမမယုဆင်းလာသည်။

"နှစ်ယောက်စလုံးလိုက်ပို့ရဦးမလား...လင်းတို့ကအခုမှစရောက်ဖူးတာဆိုတော့ နေရာတွေသိမှာမဟုတ်သေးဘူး မမပဲလိုက်ပို့ပေးမယ်"

"ဟုတ် မမယု...ကျေးဇူးတင်ပါတယ်နော်"

"လင်းလေးရောဖူးမြတ်ရော မေဂျာတူဆိုတော့အဖော်ရတာပေါ့..တော်ပါသေးရဲ့...မဟုတ်ရင် အဖော်သစ်တွေရှာနေရဦးမှာ"

"ဟုတ်ပါ့ မမယုရယ် လင်းတို့နှစ်ယောက်ကံကောင်းသွားတာ.. မမယုနဲ့လည်းမေဂျာတူတော့စာမသိရင်မမယုကိုမေးမယ်နော်"

"မမယုလားစာတွေမှတ်မိမှာ..သူကအပျင်းရယ်..ဘာမှမှတ်ထားမှာမဟုတ်ဘူး"

"မမယုက ဉာဏ်ကောင်းတယ်မဟုတ်လား..မှတ်မိမှာပါ..နော်..မမယု"

မမယုကရယ်သည်။
မမယုနာမည်က ယုယစိမ်းပါ။
မမယုကအတော်လေးလှသည်။
လှဆိုကျောင်းမှာလည်းqueenရခဲ့တာကိုး။အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နှင့်ခန္ဓာကိုယ်လည်းလှသည်။မရှည်လွန်းမပုလွန်းတဲ့အရပ်နဲ့ ခါးကျော်ကျော်ဆံပင်များကြောင့်မြင်သူတိုင်းငေးရသည့်အလှမျိုးဖြစ်သည်။မမယုမှာသခင်နဲ့တူတဲ့အချက်တစ်ချက်ရှိလေသည်။တည်တည်ငြိမ်ငြိမ်နေတတ်ခြင်းပဲ။မမယုက သိကျွမ်းတဲ့သူများနဲ့သာအနည်းငယ်ဖော်ရွေသည်။ဘေးသူစိမ်းဆိုပြုံးတောင်မပြတတ်။
ဒါပေမဲ့ မိမိကိုတော့မမယုက ဖူးမြတ်နဲ့မခြားခင်မင်ပါသည်။

သခင် (Completed)Wo Geschichten leben. Entdecke jetzt