အပိုင်း(၁၆)

6K 339 9
                                    

Unicode

"နွယ်ကလေး"

"ရှင်"

"မင်းမမကို ကြာဆံသုပ်စားရအောင်ခေါ်လိုက်လေ"

မမဇွန်သည်မနက်စာကိုကြာဆံသုပ်လုပ်ပေးသည်။သခင်ကတော့ မမဇွန်ချက်တဲ့ဟာတွေကိုမစားတာများသည်။ပြီးတော့ မမဇွန်နဲ့လည်းမေးထူးခေါ်ပြောလောက်သာရှိသည်။သခင့်ဘက်ကအနေအေးသူမို့ သူစိမ်းတွေနဲ့မရင်းနှီးချင်မှန်းသိပေမဲ့ သွက်သွက်လက်လက်ရှိသော မမဇွန်ကရော ဘာကြောင့်များသခင့်ကိုစိမ်းချင်နေသလဲမသိပါ။
မမဇွန်သာ မိမိကိုခင်သလို သခင့်ကိုခင်ပေးရင် ဝမ်းသာမိလိမ့်မည်။

"သခင်ကမစားလောက်ဘူးမမဇွန်ရဲ့"

"စားတာမစားတာကသူ့အပိုင်းလေ ခေါ်ရမှာက ကိုယ့်တာဝန်ကို သွားခေါ်ချည်နော်"

"ဟုတ်"

မလိုက်မှန်းသိပေမဲ့ သခင့်အခန်းရှေ့အထိရောက်နှင့်ပြီဖြစ်သည်။

"သခင်...လင်းပါ"

တံခါးကိုခေါက်ပြီးအသံပြုလိုက်သည်။
သခင်ထွက်လာ၏။

"ဘာလဲ"

"မမဇွန်က ကြာဆံသုပ်လာစားလှည့်ပါတဲ့"

"တော်ပြီ ခဏနေကျောင်းသွားတော့မှာ"

"တစ်ခါတလေတော့စားပါသခင်ရယ် မမဇွန်ကစေတနာနဲ့လုပ်ပေးထားတာပါ"

"ငါကသူချက်တာကိုမစားချင်တာမဟုတ်
ဘူး...မင်းနဲ့တစ်ဝိုင်းထဲမှာထိုင်မစားချင်တာ...သိပြီလား..နောက်ကိုမလိုအပ်ဘဲနဲ့စကားတွေ လာမပြောနဲ့ ..သွားတော့"

ဆူငေါက်ငေါက်နဲ့အော်လိုက်တော့ မျက်နှာငယ်လေးနဲ့ပြန်လှည့်သွားရှာသည်။
ဘယ်လောက်ဆူဆူ မျက်နှာငယ်လေးနဲ့သာရှိနေတတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတော့တစ်ခါမှပြန်မပြောခဲ့ပါ။

"သခင်က မစားချင်ဘူးတဲ့မမဇွန်"

"သူကဆူလိုက်လို့လား နွယ်ကလေး"

"အင်း...သခင်ကလင်းတို့နဲ့အတူတူမစားတာ ကလင်းနဲ့တစ်ဝိုင်းထဲမထိုင်ချင်လို့တဲ့ အဲ့ဒါကြောင့် အမြဲတမ်းသခင်ကလင်းတို့နဲ့အတူတူမစားတာပါ"

သခင် (Completed)Where stories live. Discover now