အပိုင်း(၁၉)

6.3K 357 7
                                    

Unicode

"နွယ်ကလေး"

"ရှင် မမဇွန်"

"ဒီမှာ ဘာထိုင်လုပ်နေတာလဲ"

ဂီတာလည်းမတွေ့သဖြင့်မေးခြင်းဖြစ်ဟန်တူသည်။
အရင်ဆို ဒီဒန်းပေါ်ထိုင်ရင်း ဂီတာတီးနေကျဖြစ်သည်။

"ပျင်းလို့ထိုင်နေတာပါ မမဇွန်"

"မမဇွန် မနက်ဖြန်ကျရင် အိမ်ပြောင်းတော့မယ်နော်"

မိမိကိုယ်တိုင်က မမဇွန်သည်ဖေဖေငှားထားတဲ့လူဆိုတာသိကြောင်းကိုပြောပြခဲ့သည်။
ဒီအတွက်မမဇွန်သည် အခုဒီအလုပ်ကိုလုပ်စရာမလိုတော့ကြောင်း သဘောပေါက်သွားခဲ့သည်။ဒါပေမဲ့ ဘယ်လိုလုပ်ရပါ့မလဲ။မိမိကိုယ်တိုင်မမဇွန်ကိုအစ်မတစ်ယောက်လိုခင်နေမိပြီ။ထွက်သွားရင်တကယ်စိတ်ကောင်းမှာမဟုတ်တော့ပါ။

"မပြောင်းပါနဲ့လားမမဇွန် "

"ဘာလို့လဲ နွယ်ကလေးရဲ့..မမဇွန်ကအစကတည်းက အလုပ်အတွက်လာခဲ့တာလေ..ဒါပေမဲ့ နွယ်ကလေးကိုတော့ တကယ်ခင်သွားတာပါ"

"လင်းလည်းမမဇွန်ကိုခင်လို့လေ..ဒါကြောင့်မို့ ဒီအိမ်မှာနေစေချင်လို့ပြောတာပါ"

"မမဇွန်ကအစကတည်းက နွယ်ကလေးဖေဖေက အတင်းအကူအညီတောင်းလို့သာလက်ခံခဲ့ရတာနွယ်ကလေးရဲ့..တကယ်တော့ မမမှာလည်း အခြားကိစ္စလေးတွေရှိသေးတယ်လေ"

ငွေရလို့လက်ခံခဲ့တာမဟုတ်တာတော့ လင်းကိုယ်တိုင်လည်းခန့်မှန်းမိပါသည်။မမဇွန်သည်အတော်အသင့်ငွေကြေးပြည့်စုံတဲ့သူထဲကဖြစ်မှန်း သူသုံးတဲ့ပစ္စည်းတွေကိုကြည့်ရင်ပင်သိနိုင်သည်။

"ဒါဆိုမမဇွန်ကတကယ်ပြောင်းမှာပေါ့နော်"

"နွယ်ကလေးဖေဖေကို အစကတည်းကအချိန်အကြာကြီးတော့ အဆင်မပြေမှန်းပြောခဲ့ပြီးသားပါ...အခုလိုမြန်မြန်အဆုံးသတ်သွားမယ်လို့တော့မထင်ထားခဲ့ဘူး...မမဇွန်လည်း ဒီနှစ်ပြီးရင်ဘွဲ့ယူရတော့မှာဆိုတော့..ဘွဲ့ရပြီးရင် မမလုပ်ချင်ခဲ့တဲ့ကော်ဖီဆိုင်လေးဖွင့်ရဖို့အခုကတည်းက ပြင်ဆင်ထားမှဖြစ်တော့မယ်နွယ်ကလေးရဲ့...ဒါကြောင့်မို့ နွယ်ကလေးနဲ့ မမဆက်နေချင်လည်းနေလို့မရဘူးလေနော်..မမဇွန်လည်း နွယ်ကလေးကိုသံယောဇဉ်ရှိနေပြီပဲ ဘယ်ခွဲချင်ပါ့မလဲ"

သခင် (Completed)Wo Geschichten leben. Entdecke jetzt