အပိုင်း(၃၇)

Start from the beginning
                                    

ထိုကဲ့သို့ အကြောင်းအရာပေါင်းစုံတိုက်ဆိုင်သွားသဖြင့် အကုန်ရက်လည်ပြီးကာမှ ကိုမျိုးလွင်သိရသည့် အဖြစ်ပင်။

မိသားစုတစ်ယောက်လုံး ဆုံးရှုံးသွားသဖြင့် ဝမ်းနည်းနေသော ဝင့်ဝါကို သူအစွမ်းကုန် ဖေးမစောက်ရှောက်ပေးသည်။

အရာအားလုံး သူ့ဟာနဲ့သူ အဆင်ပြေလာတော့ သူဇာကို လွမ်းတဲ့စိတ်က ပြန်ပေါ်လာသည်။

ဒီအမျိုးသမီးကို သူ မက်မက်မောမောချစ်မိသွားတာပဲ။

ပိုင်ရှင်ရှိမှန်းသိပေမဲ့ ခဏတစ်ဖြုတ်ပိုင်ဆိုင်ရခဲ့မယ်ဆိုရင်တောင် သူကျေနပ်နိုင်သည်။

ထိုလွမ်းတဲ့စိတ်နဲ့ သူ့စိတ်ကူးတွေ အကောင်အထည်စဖော်လေတော့သည်။

သူဇာတို့ အိမ်နံဘေးက Emma ကို သတိရလိုက်သည်။

Swinger couple တွေမဟုတ်လား။

သူမဆီမှတစ်ဆင့် party တစ်ခုလုပ်ရအောင်ဆိုပြီး Intro စဝင်ရင်ရော မကောင်းဘူးလား။

Emma နဲ့က အရင့်အရင် Swinger couples တွေ လုပ်ဖူးတော့ အရမ်းကြီးခက်ခက်ခဲခဲကြီး အားထုတ်လိုက်စရာမလိုပေ။

နည်းနည်းပါးပါးရင်းနှီးခင်မင်ခဲ့တော့ အဆင်ပြေသားပင်။

"Hello"

"Hello Emma လား။ ကိုက Chef မျိုးလွင်လေ။ ယူသိတယ်မလား"

"မမှတ်မိပဲ နေမလားရှင်။ ရှင်က အတတ်ဆန်းသူကြီးလေ၊ အလိုက်သိတတ်သူကြီးလေ"

"ဟ...ဟ။ မြှောက်နေတာလား ဖဲ့နေတာလား Emma ရယ်။ ဘာဖြစ်ဖြစ်ပါလေ ယူ မှတ်မိနေတော့ ကိုကျေနပ်ပါတယ်။"

"ပြောပါအုံး.....ဘာကိစ္စလဲ"

"ကိုတို့ Private Swingers Party လေးတစ်ခုလုပ်ချင်လို့။ ယူသိမလားပဲ။ ကို့ Partner ဝင့်ဝါက သူ့မားသားကြီး တလောက ဆုံးသွားတယ်ကွာ"

"Oh.....so sorry to hear that နော်"

"ရပါတယ် Emma ရေ။ ဒီတော့ သူ့ကို ကိုနည်းနည်းအပြောင်းအလဲဖြစ်ပြီး စိတ်လှုပ်ရှားသွားအောင် Party လေး လုပ်ပေးချင်လို့။"

"တော်တော်အလိုက်သိတဲ့ ယောကျ်ားပါလားကွယ်"

"ကဲ...ဆက်ပြောပါအုံး။"

"လာမဲ့ Dec 31st မှာ တို့တွေ party လုပ်မယ်လို့ သတ်မှတ်ထားတယ်။"

"အကုန်လုံး ကို အကုန်အကျခံမယ်ကွာ။ ယူက စီစဉ်ပေးရုံပဲ။"

"ကဲ.....ကဲ တို့ ယူဆိုလိုချင်တာ သဘောပေါက်ပါပြီ။ ပြော ဘယ်သူတွေကို ဖိတ်ပေးရမလဲ။ ယူတို့အတွဲနဲ့ တို့အတွဲပဲလား"

"အေး.....ကိုတို့ နှစ်တွဲအပြင် နောက်တစ်တွဲထပ်ထည့်မယ်လေ"

"ပြော......ယူက ဘယ်သူ့ကို ထည့်ချင်တာလဲ"

"ယူတို့ အိမ်နံဘေးက ကိုမင်းထက်တို့လား.....သူတို့ကိုပါဖိတ်လိုက်လေ။ ဟိုတစ်ခေါက်ကလုပ်တုန်းကလည်း သူတို့ဆိုရင် အဲကိစ္စတွေနဲ့ အစိမ်းကြီးမဟုတ်နေတော့ ပိုကောင်းတာပေါ့။"

"ဟုတ်ပါပြီရှင်......ဖိတ်ပေးလိုက်ပါမယ်ရှင်"

"အေး.....ဒါဆို Dec 31st သေချာပြီနော်။ ကို အကုန်ကိုကြိုစီစဉ်ထားနှင့်လိုက်တော့မယ်။"

"ဟုတ်ကဲ့ပါရှင်.....စိတ်ချပါရှင်။"

"Bye"

"Bye"

ဖုန်းချလိုက်တော့ Emma ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ အနည်းငယ် တွန့်သွားသည်။

သူမ တစ်ခုခုကို ရိပ်မိနေသလိုပင်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now