အပိုင်း(၃၆)

Start from the beginning
                                    

သူဇာ စိတ်ဝင်စားသွားသည်။

"ပြောပါအုံး။ ဘယ်သူတွေလဲ။"

"Emma နဲ့ John ရယ်၊ သူဇာတို့အတွဲရယ်၊ ပြီးတော့နောက်ဆုံးတစ်တွဲက သူဇာသိမှာပါ။ Chef ကိုမျိုးလွင်နဲ့ ဝင့်ဝါတို့အတွဲလေ"

"ဟင်"

သူဇာ ရှောင်နေပါတယ်ဆိုမှ တည့်တည့်ကို လာတိုးနေသောအဖြစ်။

ကိုမျိုးလွင် ပါ ပါမည်ဟု သိလိုက်တော့ ပါလည်းပါချင်သည်။ ငြင်းလည်း ငြင်းချင်သည်။

အရမ်းကြီး ငြင်းပစ်လိုက်ရင် သိသာသွားမှာကိုလည်း စိုးသည်။

ဒါကြောင့် သူမ ဒီကိစ္စကို ဝင်မဆုံးဖြတ်ပြီ။

မင်းထက်သာ ဆုံးဖြတ်ပါစေ။

"ကိုရေ။ ဘယ်လိုလဲ သွားချင်လား။

"ချစ်သဘောပဲ။"

"ချစ်လည်း ကို့သဘောအတိုင်းပဲ။"

"Hey......ချစ်တွေ ကိုတွေ လုပ်မနေနဲ့တော့။ လာကိုလာရမယ်။ မလာရင် တို့စိတ်ဆိုးမှာနော်။ ပြီးတော့ ယူတို့ကကွာ Experience မရှိတာလည်း မဟုတ်ပဲနဲ့"

"လာနော်....လာ....လာ"

Emma က တကျီကျီပြောနေတော့ မင်းထက်အားနာလာသည်။

ဒီပွဲက တကယ်တော့ သွားချင်တဲ့စိတ်က ပိုများနေသေးသည်။

လူ့ဘဝတိုတိုလေးမှာ အတွေ့အကြုံအသစ်တွေ ထပ်ကြုံချင်သေးသည်။

"ကဲ.....ကဲ...ဒီလောက်ခေါ်နေမှတော့ လာခဲ့ပါမယ်ခင်ဗျား။ လာခဲ့ပါမယ်။"

"ဟုတ်ပြီကွ။ ကဲ ပြောစရာရှိတာပြောပြီးပြီးဆိုတော့ တို့ပြန်မယ်"

"တစ်ခုခု စားသွားအုံးလေ။ ပြန်တော့မလို့လား။ အားနာစရာကြီး။"

"ဒီလူ၊ ဒီလူတွေ အချင်းချင်းကိုများ။ အားနာစရာမလိုပါဘူးကွယ်။

"တို့ပြန်ပြီနော်။ လာမဲ့ Dec 31st မှာတွေ့ကြမယ်။ အားရှိအောင် အားမွေးထားကြအုံး။"

"Bye....bye"

"Bye"

Emma ပြန်သွားတော့ နှစ်ယောက်သား ကိုယ့်စိတ်ကူးနဲ့ကိုယ်မျောနေကြသည်။

သူဇာအတွက်က သူမချစ်ခဲ့ရသော ကိုမျိုးလွင်နဲ့ ပြန်ဆုံရတော့မှာ မို့လို့ ပျော်ရမလိုလို။ ငိုရမလိုလို။

ပြီးတော့ ဒီကို ပြန်ရောက်ကတည်းက အဆက်အသွယ် တိကနဲ့ ဖြတ်ချလိုက်တော့ သူမမျက်နှာကိုရော မြင်ချင်ပါအုံးမလား။

အတွေးတွေက ယောက်ယက်ခပ်ပြီး လွန်ထိုးနေသည်။

မင်းထက်ကျတော့ လာမဲ့ အဲParty အကြောင်းတွေးရင်းရင်ခုန်နေသည်။

ဘာတွေကြုံလာမလဲဆိုတာတွေးပြီး စိတ်လှုပ်ရှားနေသည်။

နှစ်ယောက်စလုံး အတွေးကိုယ်စီနဲ့ စကားတောင် သိပ်မပြောဖြစ်ကြပဲ အိပ်ယာဝင်လိုက်ကြသည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now