အပိုင်း(၂၈)

Start from the beginning
                                    

"ဟင်"

လင်းငယ်ငယ်က သခင့်ကိုပေးဖူးတဲ့ဟာလေးပဲ။

ထိုအချိန်ကလင်းအသက်၅နှစ်လောက်ဖြစ်မယ်ထင်သည်။
အခြားသူတွေတော့မပြောတတ်ပေမဲ့လင်းကတော့ အဲ့ဒီအရွယ်ကမှတ်ဉာဏ်တွေကိုအခုထိအမှတ်ရ‌ေနသည်။
အထူးသဖြင့်သခင်နဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေကိုပေါ့။

"သခင်"

စာရေးနေတဲ့သခင်ကမော့ကြည့်လာသည်။
သခင်ကထိုအချိန်ကတည်းကစာကြိုးစားခဲ့တာ။

"ဘာလဲ"

"အင့်..ဒါလေးကသခင့်ကိုလက်ဆောင်ပေးတာ"

သခင်က လက်ထဲကကဒ်ထူစာရွက်လေးကိုတစ်ချက်ကြည့်လိုက်သည်။

"မယူချင်ပါဘူး"

"ယူပါ သခင်ရဲ့...သခင်က လင်းမုန့်ကျွေးရင်လည်းမစားဘူး..အရုပ်လေးတွေပေးလည်းမယူဘူး...ပန်းပွင့်လေးတွေပေးလည်းမယူဘူးလေ...ဒီအရုပ်ဆွဲထားတာလေးတော့ယူနော်...ဒါလေးက သခင့်ပုံလေး ..ဒါလေးကလင်းပုံလေးလေ"

အရင်တုန်းကအကြောင်းတွေပြန်တွေးရင် ငယ်ငယ်တုန်းကပုံရိပ်လေးတွေကိုပါမြင်ယောင်လာသည်။

အဲ့ဒီအချိန်ကတည်းကသခင်ကဆရာဝန်ဖြစ်ချင်ခဲ့တာပါ။
ပုံလေးကို သခင့်ပုံလေးကို အရပ်ရှည်ရှည်ဆွဲပြီး ကိုယ့်ပုံကိုအရပ်ပုပုလေးဆွဲထားသည်။သခင့်ပုံကို ဆရာဝန်ပုံဆွဲချင်ပေမဲ့ ဆရာဝန်ဆိုတာ ဘယ်လိုဟာမှန်းမသိသေးတဲ့အရွယ်ပါ။ဖေဖေပြောတဲ့ နားကြပ်တွေ ဂျူတီကုဒ်ဆိုတာတွေကို ဆွဲလည်းမဆွဲတတ်ပါ။ဒါကြောင့်မို့နှစ်ယောက်စလုံးရဲ့ပုံတွေကို ဂါဝန်လေးတွေနဲ့သာဆွဲခဲ့သည်။

လှလှပပတော့မဟုတ်ခဲ့ပါ။၅နှစ်အရွယ်ကလေးဆွဲတဲ့ပုံဆိုတော့‌ေတွးကြည့်ရင်
ပင် သေချာပေါက်ရယ်စရာကောင်းတဲ့ပုံပဲထွက်လာမှာမဟုတ်လား။

ပုံထဲမှာ သခင်နဲ့လက်ချင်းတွဲထားတဲ့ပုံလေးဆွဲထားခဲ့တာပါ။ဘုရားစူးပါရဲ့။အဲ့ဒီအချိန်တုန်းက ပုံလေးတွေကိုရိုးရိုးသားသားနဲ့ဆွဲခဲ့တာပါ။အဲ့ဒီအချိန်ကသခင့်ကိုချစ်နေရင်တောင် အဖြူရောင်အချစ်နဲ့ပဲချစ်ခဲ့တာပါ။အခု အချိန်မှသာ သခင့်အပေါ်မှာမရိုးသားတော့တာ။

သခင် (Completed)Where stories live. Discover now