"တစ်ဆိတ်လောက်ပါ ရှင်ကကလေးကိုဘာလို့သတ်ခဲ့တာပါလဲ"

  "ငါကလေးကိုမသတ်ခဲ့ဘူး။ငါအပြစ်ကင်းတယ်"

  "ကလေးမိဘတွေအတွက် ယူကျုံးမရဖြစ်သလိုခံစားရပါသလား"

  "ငါမင်းကိုပြောနေတယ်လေ။ငါကအပြစ်ကင်းတယ်လို့"

  "အဲ့နေ့မှာပြစ်မှုကျူးလွန်ဖို့ကိုရှင်ဘာကြောင့်ရွေးခဲ့တာလဲ။အဲ့နေ့ကရှင့်အတွက် ထူးခြားတဲ့နေ့တစ်နေ့မလို့ပါလား"

  "ငါမလုပ်..."

  "ရှင့်မိသားစုရော ရှင့်ရဲ့စွဲလမ်းမှုကိုသိကြပါလား"

  သူ့ကိုယ်သူရှင်းပြရန် မည်မျှကြိုးစားစေကာမူ သတင်းထောက်မသည် သူ့အားလျစ်လျူရှုကာ ‌လက်‌ေလျှာ့ရန်ငြင်းဆန်ခဲ့သည်။သူမသည် ထိုကဲ့သို့အဓိပ္ပာယ်မရှိသည့်မေးခွန်းများကိုသာ ဆက်မေးနေခဲ့သည်။ယခုတွင် အိမ်နီးချင်းမျာနှင့် သူငယ်ချင်းများအားလုံးသည် သူ့ထံမကြင်နာကြတော့ပေ။ထိုအစားသူတို့သည် သူ့အားကဲ့ရဲ့ရှုံ့ချကာ အချို့ဆိုကြက်ဥများဖြင့်ပင်ပစ်ပေါက်ခဲ့ကြသည်။

  ရုတ်ချည်းပင် လုဝမ်ရွှယ်မှာသူ၏ရန်သူသည်မည်မျှအင်အားကြီးသည်ကိုသိလိုက်ရသည်။သူသည်အပြစ်ကင်းစင်မှုအားဘယ်တော့မှမဖော်ထုတ်နိုင်တော့မည်မှာပင်ဖြစ်နိုင်သည်။

  "ရှင့်မှာသားတစ်ယောက်ရှိတယ်လို့ကျွန်မကြားတယ်။သူကရှင့်ကိုစိတ်ပျက်သွားမှာကိုမကြောက်ဘူးလား။ရှင်သူ့ဆီဘာပြောစရာရှိနေပါလဲ"

  လုဝမ်ရွှယ်မှာ မအီမသာဖြစ်နေသည်။သူသည်အစကတည်းမှဖြူဖျော့နေရာ ယခုတော့ပို၍ဖြူဖျော့သွားတော့သည်။သူသည်သူ့အတွက်တပ်ဆင်ထားသောဗီဒီယိုကင်မရာရှေ့တွင် စကားပင်မပြောနိုင်တော့ပါပေ။

  မတ်လ၏နေသာသောဤနေ့တွင် ရုတ်ချည်းနှင်းများစတင်ကျဆင်းခဲ့သည်။လှပသောနှင်းပွင့်လေးများသည် ရုတ်ချည်းဆိုသလိုသက်ဆင်းခဲ့ကြသည်။လုဝမ်ရွှယ်သည်သူ၏လက်ဝါးအားဖြန့်လိုက်ရာ နှင်းပွင့်လေးတစ်ပွင့်သည်ထိုအပေါ်သက်ဆင်းလာခဲ့သည်။သို့သော်သူ့လက်ဝါးအားမပိတ်ခင်မှာပင် နှင်းပွင့်လေးသည်အရည်ပျော်ကျသွားနှင့်ပြီဖြစ်သည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်Where stories live. Discover now