အပိုင်း(၂၆)

Start from the beginning
                                    

သခင်ဟာ လူ့ပြည်ကနတ်သမီးများလား။

သခင့်ခေါင်းမှာပန်းလေးပန်ထားရင်ပိုလှနေမှာ။ ချက်ချင်းပဲ အနီးအနားရှိ နှင်းဆီအနီရောင်လေးတစ်ပွင့်ဆီအကြည့်ရောက်သွားခဲ့၏။

သခင့်ကိုပေးရင်ကောင်းမလား။သခင်ကရောယူပါ့မလား။ တော်ကြာ နင်းချေပစ်လိုက်ရင်ရော။

"မေးနေတယ်လေ"

"ဟင်..ဟင် သခင်"

ဟုတ်ပါရဲ့ ။သခင်မေးနေတာကိုမဖြေမိဘဲ သခင့်အလှမှာနစ်မြောနေမိတာပဲ။ခဏအတွင်းမှာအတွေးတွေနယ်ချဲ့မိသွားတာ။

သခင်က စိတ်မရှည်ဟန်နဲ့ကျစ်တစ်ချက်သပ်လိုက်သည်။

"သခင့်အပင်‌ေလးတွေရေးလောင်းပေးနေတာပါ"

သခင့်နှုတ်ခမ်းလေး အနည်းငယ်တော့ပြုံးသွားတယ်လို့ထင်ရ၏။သခင့်အမူအရာကိုလိုက်ကြည့်နေတာမို့သာ မြင်လိုက်ရခြင်းဖြစ်ပြီး မဆိုသလောက်လေးသာဖြစ်သည်။

အို...သခင်ကအလှတွေပြင်ထားတာပဲ။သခင့်နှုတ်ခမ်းမှာနှုတ်ခမ်းနီမဆိုသလောက်လေးဆိုးထားသည်။ မျက်နှာမှာလည်းမိတ်ကပ်သားလေးတက်နေသည်။

"ရပြီ ပြန်တော့ တို့ဘာသာလောင်းမယ်"

"သခင်ရေတွေရွှဲကုန်မှာပေါ့...သိပ်မကျန်တော့ပါဘူး ကျွန်မပဲလောင်းလိုက်မယ်"

သခင့်ခြေထောက်လှလှလေးရွံ့တွေမပေစေလိုပါ။သခင့်အလှကိုဘာကြောင့်နဲ့မှမညစ်နွမ်းစေချင်ပါ။

"မင်းကမပြန်သေးဘူးလား"

"ဟင်"

သခင်မေးတာက အခုသခင့်အိမ်ကနေလား၊ဖေဖေ့အိမ်ကနေဟိုအိမ်ကိုလားဆိုတာ အသဲကွဲဖြစ်နေ၏။

"ဟိုအိမ်ကိုမပြန်သေးဘူးလား မေးတာ"

သခင့်စကားကမနူးညံ့ပေမဲ့ အသံကတော့ညင်သာနေသည်။

"ဒီနေ့ပြန်မှာပါ"

သခင်ဘက်ကစကားလာပြောနေတာနဲ့ကိုကျေနပ်နေမိသည်။သခင်ကဘယ်လိုစိတ်ကူးပေါက်ပြီးလာပြောနေရတာပါလိမ့်။သခင့်ကြောင့် ရင်ထဲမှာလိပ်ပြာပေါင်းသောင်းခြောက်ထောင်လောက်ကူးခတ်နေတော့၏။ထိုလိပ်ပြာ‌ေတွပေါက်ကွဲထွက်လာမှာတောင်ကြောက်ရသည်။

သခင် (Completed)Where stories live. Discover now