အပိုင်း(၂၂)

Start from the beginning
                                    

ကိုမျိုးလွင်ကတော့ မျက်နှာငယ်လေးနဲ့ ဘာလုပ်ပေးလို့ ဘာကိုင်ပေးရမှန်းမသိဖြစ်နေသည်။

"အင်း....သက်သာနေပါပြီ"

"ဂရုစိုက်အုံး လက်ဆောင်တွေ မဝယ်နိုင်လဲ မဝယ်ခဲ့နဲ့ လူသာကျန်းကျန်းမာမာပြန်ရောက်ရင်တော်ပြီ"

"ချစ်တယ်နော်"

"ချစ်တယ်"

"Bye"

သူဇာ Phone ပြောရင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ဒီဇာတ်လမ်းကို ဒီမှာရပ်တန်းရပ်ရမည်။

မဟုတ်ရင် အကုန်လုံး ရှုပ်ကုန်တော့မယ်။

သို့သော် သူဇာ ကိုမျိုးလွင်ကို မဖွင့်ပြောသေး။

သူ့ခမျာလည်း ကလေးလေးတစ်ယောက်လို ကိုယ့်ကို ပြုစုပေးရှာသည်။

မပြန်ခင် တစ်ရက် အကုန်ရှင်းခဲ့မည်ဟု စိတ်ထဲတေးထားခဲ့သည်။

အခုတော့ နာလန်ထစ ပြုလာသဖြင့် ခေါင်းက ရီတီတီဖြစ်နေသေးသည်။

ငိုလိုက်သဖြင့် ခေါင်းပါကိုက်ချင်သလို ဖြစ်လာသည်။

"သူဇာ နိုးနေတော့ ဘာစားချင်လဲ"

"ဆေးသောက်ရအုံးမှာဆိုတော့လေ"

ကိုမျိုးလွင်က ဘာကိစ္စမှမဖြစ်ခဲ့သလို မေးရှာသည်။

သူဇာ ခေါင်းအသာရမ်းပြသည်။

"အဲလို နေလို့မဖြစ်ဘူး သူဇာရဲ့"

"မဟုတ်ရင် ဘုန်းဘုန်းလဲသွားလိမ့်မယ်"

"ဒါဆို မောင်အဆင်ပြေတာ တစ်ခုခု မှာလိုက်မယ်လေ"

နောက် ခဏကြာတော့ ငါးဆန်ပြုတ်ပူပူလေးရောက်လာသည်။

စားချင်သဖွယ် လုပ်ပေးထားသည်။

သူဇာ တစ်ဇွန်းမြည်းကြည့်ပြီး အရသာခပ်ကောင်းကောင်းနဲ့နေလို့ တစ်ပန်းကန်လုံးကုန်အောင် စားပစ်လိုက်သည်။

ကိုမျိုးလွင်က ဘေးက ထိုင်ကြည့်ရင်း ပီတိဖြစ်နေရှာသည်။

"အေ့..."

သူဇာ ကြို့အကျယ်ကြီးထိုးလိုက်သဖြင့် ရှက်သွားသည်။

"မရှက်ပါနဲ့"

"သူဇာ အဲလိုစားတာမြင်နေရတော့ မောင်ဝမ်းသာနေမိပြီ"

သူဇာ ဒီနေ့ကတော့ ဘုရင်မတစ်ပါးလိုပင်။

ဖူးဖူးမှုတ်ခံနေရသည်။

အစကလည်း ဖူးဖူးမှုတ်ခံနေရသည်ဆိုပေမဲ့ အိပ်ယာပေါ်ရင် မထောင်းသာလှ။

တစ်ချီ တစ်ချီဆို ကိုမျိုးလွင် လိုးချက်အောက် ဖွက်ဖွက်ကြေမတတ်။

အခုနေမကောင်းတော့ ကိုမျိုးလွင်ဘာမှ အသားမယူ။

နှမတစ်ယောက်လို၊ အစ်မတစ်ယောက်လို ပြုစုပေးရှာသည်။

ထို့အတွက်လည်း ကျေးဇူးတင်ရသည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now