အပိုင်း(၂၁)

Start from the beginning
                                    

"ခဏနေအဆင်ပြေသွားလောက်မယ် ထင်တာပဲ မောင်ရယ်"

"မရဘူး ဒီမှာကြည့်လေ တစ်ကိုယ်လုံး ဖြူဖျော့နေတာ"

"မရဘူး phone ဆက်မှ ရတော့မယ်"

ကိုမျိုးလွင် စိတ်ပူစွာနဲ့ ဟိုတယ် reception ဌာနကို phone ဆက်လိုက်သည်။

"Hello အမိန့်ရှိပါရှင်......(....)Hotel မှပြောနေပါတယ်"

"ညီမရေ ကျနော်တို့က ဘန်ဂလိုအမှတ်.....ကပါ"

"ကျနော့ အမျိုးသမီးနေမကောင်းလို့ ဆရာဝန် ခေါ်လို့ရမလား"

"ဘာဖြစ်လို့ပါလဲရှင်"

"အရမ်းအန်နေလို့ပါ"

"ဟုတ်ကဲ့ပါ....ဒါဆို နောက် မိနစ် ၃၀ လောက်ကျရင် ဆရာဝန်အဖွဲ့ရောက်လာပါလိမ့်မယ်"

"အဆင်ပြေရဲ့လားရှင်"

"ဟုတ်ကဲ့ ဒါဆို တတ်နိုင်သမျှ မြန်မြန်လာပေးပေးပါနော်"

ကိုမျိုးလွင် phone ချပြီး သူဇာဆီ အပြေးသွားပြန်သည်။

သူဇာ ရင်ထဲမှာ ဆို့ပြီးနေလို့မကောင်းသလို အန်ချင်စိတ်ကများနေသည်။

"သူဇာရေ ခဏကြာ ဆရာဝန်လာလိမ့်မယ်"

"စိတ်မပူတော့နဲ့တော့နော်"

"သက်သာလား အခု"

"နေလို့တော့မကောင်းဘူး မောင်ရယ်"

ကိုမျိုးလွင် သူဇာကို ဇတ်ခနဲ့ပွေ့ချီကာ ကုတင်ဆီပြန်ပွေ့ခေါ်လာခဲ့သည်။

အန်ဖတ်အနည်းငယ် ပေနေသော အင်္ကျီကို သူကိုယ်တိုင်လဲပေးရှာသည်။

ချွေးစေးတွေနဲ့ နံ့စော်နေသော သူမကို ရေပတ်တတ်ပေးပြန်သည်။

ကလေးလေးတစ်ယောက်ကို ပြုစုယုယနေသလိုပင်။

သူဇာက ဘာမှအားမရှိတေယ့ သဖြင့် ကိုမျိုးလွင်လုပ်သမျှကို အတိုင်းသားခံနေရသည်။

ရင်ထဲမှာ ပျော်လည်းပျော်၊ ကြည်လည်း ကြည်နူးမိသလို ငိုလည်းငိုချင်တယ်။

"ဘာဖြစ်လို့ ငိုနေတာလဲ"

"မငိုပါနဲ့ ခဏကြာ ဆရာဝန်ရောက်ရင် အကုန် အဆင်ပြေသွားမှာ"

တစ်နာရီနီးပါးလောက်တော့ ဆရာဝန် အဖွဲ့ရောက်လာခဲ့သည်။

သူဇာက မူးနောက်နေပြီး ခေါင်းမထူနိုင်အောင်ဖြစ်နေသောကြောင့် ရောဂါအခြေအနေအကုန်အလုံးကို ကိုမျိုးလွင်ဆီကပဲ မေးမြန်းရသည်။

ကိုမျိုးလွင်ကလည်း သူသိသမျှ တစ်လုံးမကျန်ဖွင့်ပြောပြရှာသည်။

ဆရာဝန်က လိုအပ်တဲ့ စမ်းသပ်မှုတွေထပ်လုပ်အပြီး သူဇာဖင်ဖြူဖြူလေးပေါ်မှာ ဆေးတစ်လုံးထိုးပေးခဲ့သည်။

"အစားစုံပြီး အစာမကြေဖြစ်သွားတာပါ"

"လိုအပ်တဲ့ဆေးတွေ အကုန်လုံးလုပ်ပေးခဲ့တယ်"

"မနက်ကျရင် အဆင်ပြေသွားပါလိမ့်မယ်"

"အရမ်းကြီးတော့ စိတ်မပူကြပါနဲ့"

"ဒါက ဒီကမ်းခြေတွေကိုလာတဲ့ ဧည့်သည်တွေတော်တော်များများဖြစ်တတ်ကြပါတယ်"

"အဆင်ပြေသွားမှာပါ"

ဆရာဝန်က သောက်ရမဲ့ဆေးတွေကို ပြောပြပေးခဲ့သည်။

ကိုမျိုးလွင်က အပ်ကျမတ်ကျလိုက်မှတ်ပေးနေသည်။

သူဇာလည်း ဆရာဝန်လာကြည့်ပြီး ဆေးထိုး ဆေးသောက်လုပ်လိုက်တော့ အတန်ငယ်သက်သာသွားသလိုဖြစ်ပြီး ပြန်အိပ်ပျော်သွားသည်။

ကိုမျိုးလွင်ကတော့ ဘေးမှာမလှဲတော့ဘဲ သူဇာဘေးက ကုတင်သွန်းမှာ ကုလားထိုကိတသ်ခုနဲ့ထိုင်စောင့်ပြီး သူဇာလက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်သွားသည်။

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now