" ဘာဖြစ်ရမှာလဲ နင်က​တော့နင်ဆို​ပေမယ့် Jisoo Unnie လည်း အံ့သြစရာပဲ "

" ဘာကို အံ့သြရမှာလဲ သူ့ရည်းစားဖြစ်တဲ့ငါ့ကို တုန်​နေ​အောင်ချစ်တာ​လေ ဘာဖြစ်လဲ "

ကပ်ကပ်လန်​အောင်စွာ​နေတဲ့ Jennie ကို စိတ်ပျက်သလိုကြည့်လိုက်ရင်း

" ဘာမှမဖြစ်ပါဘူး နင်တို့​ခေတ်ပဲ လုပ်ချင်တာသာလုပ်ကြ "

" ဘာလဲ နင်က မနာလိုတာလား မဟုတ်မှလွဲ ငါ့ကိုကြိုက်​နေတာလား "

" ငါက ရူး​နေလို့လား! "

" မသိဘူး​လေ ​ရည်းစားမရှိတဲ့သူ​တွေ ဒုက္ခကလည်း မ​သေးဘူးပဲ သူများချစ်သူနဲ့ ကြည်နူး​နေတာကို ဖျက်လိုဖျက်ဆီးနဲ့ "

" ထားပါ ရန်ဖြစ်ကြမှ ငါ့ဆီလာငိုကြည့်​နော် တံခါးဝက ရိုက်ထုတ်​မယ် "

" ဖွ ဖွ လွဲပါစေ ဘာလို့ စကားကို အဲ့လို​ကြောက်ဖို့​ကောင်း​အောင်​ပြောရတာလဲ "

" huh! "

Joy တစ်​ယောက် ဘာမှပြန်မ​ပြောနိုင်ဘဲ ဆွံ့အသွားရသည် ပြီးကျ ရန်ဖြစ်ကြရင် သူတို့ မဟုတ်တဲ့အတိုင်း

စွာ​တေးလန် Jennie Ruby Jane ကို​တော့ လက်​မြှောက်အရှုံး​ပေးပါတယ်

.
.
.

" Chu! ဒီမှာ "

ကန်တင်းကို Joy နဲ့ အရင်​ရောက်နှင့်​နေပြီး သူ့ရည်းစားကိုမြင်တာနဲ့ လက်​ထောင်ပြီး ဂနာမငြိမ်တဲ့ Jennie ကို လျစ်လျူရှုလိုက်ပြီး စားလက်စ ဘာဂါဆီပဲ အာရုံထားလိုက်သည်

Jisoo တစ်​ယောက် ကန်တင်းကို ​ရောက်လာရင်း သူ့ကို လက်ပြ​နေ​တဲ့ Jennie ကိုမြင်​တော့ ပြုံးကာ သူတို့ဝိုင်းကို ​လျှောက်သွားပြီး ဝင်ထိုင်လိုက်ရင်း

" အ​စောကြီး​ရောက်​နေတာလား "

" အင်း အတန်းက ​စော​စောပြီးသွားလို့ ကြာ​တော့ မကြာ​သေးပါဘူး ခုနကပဲ "

" Aigoo မုန့်ကို က​လေး​လေးလိုစား​နေတာပဲ ပါးစပ်မှာလည်း ​ပေကုန်ပြီး "

ကျင့်သားရ​နေ​တဲ့လက်က ဘေးနားမှာရှိတဲ့ တစ်သျှူးဘူးဆီကို လှမ်းယူကာ ​ပြောလည်း​ပြောရင်း ​ပေနေတဲ့မုန့်စ​လေး​တွေကိုပါ သုတ်​ပေးလိုက်သည်

​တစ်သျှူးပြန်ချထားလိုက်ပြီး ​​ဘေးမှာအသင့်ရှိတဲ့ အ​ချိုရည်ဘူးကို ယူ​ဖောက်လိုက်ကာ

" အင့် ဒါ​လေးသောက်ရင်းနဲ့စား​ "

Jennie က Jisoo အတွက်​တော့ မျက်စိ​အောက်က အ​ပျောက်မခံနိုင်တဲ့က​လေး​လေး အ​ထွေအထူးလုပ်​​ပေး​နေရတာမျိုးလည်း မဟုတ်ဘဲ အလိုလို​နေရင်း ကျင့်သားရ​နေသလို သူလိုအပ်တာမှန်သမျှ အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးချင်တာပဲ

Jennie အတွက် အကုန်လုပ်​ပေးပြီးသွားမှ Joy ဘက်လှည့်ကာ

" Joy ah~ ခုနက မနှုတ်ဆက်လိုက်မိလို့ ​sry "

Between UsWhere stories live. Discover now