10. In other words , I love you

Start from the beginning
                                    

" ယံယံ ကျောင်းသွားရင် မင်းကားကို အဆောင်မှာထားခဲ့ပြီး ငါ့ဆိုင်ကယ်နဲ့ပဲ သွားမှာမို့လား "

တက္ကသိုလ်တက်ဖို့ ယံယံ့အိမ်က ကားဝယ်ပေးထားပြီး ဉာဏ်ကတော့ သူ့စိတ်ကြိုက်ရွေးဝယ်ထားသည့် ဆိုင်ကယ်ပဲ ယူလာခဲ့သည်။

" အေးလေ မေးနေရသေး ...ကားနဲ့သွားဖို့ စိတ်ကူးကိုမရှိတာ ... ဆိုင်ကယ်နဲ့ပဲသွားကြမယ် "

" မိုးရွာတဲ့နေ့ဆိုရင်တော့ ကားနဲ့သွားမယ်လေ "

" မိုးရွာထဲလဲ ငါတော့ဆိုင်ကယ်ပဲစီးချင်တာ "

" တစ်ပတ်လောက် ဆန်ပြုတ်နဲ့ နှစ်ပါးသွားလိုက်ရတာ မမှတ်သေးဘူးလား "

ထိုနေ့တုန်းက သူတို့နှစ်ယောက်စလုံး ဖျားကြတာကို သတိရသွားပြီး ယံယံက နှာ‌ခေါင်းရှုံ့သည်။ ဉာဏ်က သုံးရက်လောက်နှင့်သက်သာပေမဲ့ ယံယံကတော့ ဆေးမသောက်ချင်တာရော၊ နေမကောင်းဖြစ်လျှင် အစားချေးများတာရောကြောင့် တစ်ပတ်လောက် အလူးအလဲ ခံလိုက်ရပြီး ဆန်ပြုတ်ဆိုလည်းထိုကတည်းက အသံတောင်မကြားချင်တော့ပါ ။

နှစ်ယောက်သား ညစာစားပြီးသောအခါ တစ်ခါတည်း အိပ်ရာဝင်ဖို့ ပြင်လိုက်ကြသည် ။

" မင်း ဘယ်ကုတင်မှာအိပ်မှာလဲ ဉာဏ် "

" နံရံဘက်ကအိပ်မယ် "

" Ok... Good Night "

" Good Night ယံယံ "

တစ်နေ့လုံးပန်းထားသည့်အရှိန်ဖြင့် အိပ်ရာပေါ်လှဲလိုက်သည်နှင့် ဘယ်လောက်မှမကြာဘဲ အိပ်ပျော်သွားသော ယံယံ့ကိုကြည့်ပြီး ဉာဏ်လည်းမျက်လုံးတွေ မှေးစင်းလာ၏ ။

အသက် ဆယ့်ကိုးနှစ်။
သူတို့ အထက်တန်းကျောင်းသားလေးတွေ မဟုတ်ကြတော့။ ကိုယ်ပိုင်ရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်တွေ အပြည့်အဝပိုင်ဆိုင်နေပြီဖြစ်သည့် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ခဲ့ကြပြီ။

ဒီညကစပြီး တစ်ယောက်နှင့်တစ်ယောက် ဖုန်းထဲကနေ Good Night လှမ်းလုပ်စရာမလိုတော့။  ဒီညကစပြီး ညတိုင်း အိပ်မက်တွေလှနေပါတော့မည် ။

*****

တလောကလုံးမှာ သူတို့ပဲ ရှိသလို အချင်းချင်း ပုခုံးဖက်ကာ ရယ်မောပြီး ကန်တင်းထဲဝင်လာသည့် နှစ်ယောက်အပေါ်မှာ တခြားသူတွေအားလုံး အာရုံရောက်သွားကြသော်လည်း ထိုနှစ်ယောက်ကတော့ ဂရုစိုက်ပုံမရပါ။

My Youth Was Yours  ( Completed )Where stories live. Discover now