10. In other words , I love you

Start from the beginning
                                    

ဉာဏ်တို့နှစ်ယောက်က အကြိုက်ချင်း ထပ်တူနေကျနေတာမျိုး မဟုတ်ပေမဲ့ ဆန့်ကျင်ဘက်ကြီးလည်းကွဲပြားမနေ။ တစ်ယောက်သဘောကျသည့်အရာကို နောက်တစ်ယောက်က အတူလုပ်လိုက်ရ၍လည်း ဘာမှတော့ပြဿနာမဖြစ်။ ဥပမာ Disney ရုပ်ရှင်တွေထဲကဆို ဉာဏ်က Tianaကိုသဘောကျပြီး ယံယံက Moana ပရိတ်သတ်။ သို့သော်လည်း နှစ်ကားစလုံး ရုံတင်တိုင်း သူတို့အတူ ကြည့်ခဲ့ကြတာချည်း။

ဉာဏ်က လက်မှုပညာနှင့်ပတ်သက်ပြီး ပါရမီ မပါပေမဲ့  ယံယံ ဖန်တီးသမျှတိုင်းကို သဘောကျသည်။ ယံယံ့ကို ဂီတာတီး‌သင်မလားမေးလျှင် ချက်ချင်းငြင်းဆန်တတ်သော်လည်း ဉာဏ်ဂီတာတီးသည့် အချိန်ခါ ဘေးကနေ ထိုင်အားပေးတတ်သည့် ပရိတ်သတ် ။

တစ်ခါတလေ ယံယံ ဉာဏ့်အိမ်မှာ လာအိပ်သည့်အခါ ဉာဏ့်အဝတ်အစားတွေ ယူဝတ်တတ်တာမျိုးလည်း နဂိုကတည်းက လုပ်နေကြ။ သည်တော့ အခုလို နှစ်ယောက်တစ်ခန်းနေသည့်အခါ ပစ္စည်းတွေကို တစ်မျိုးတည်းပဲ ထားသုံးဖို့ဆိုတာ သိပ်တော့အံ့ဩစရာမဟုတ်ပေ ။ အဆောင်မလာခင် နှစ်ယောက် လိုအပ်တာတွေဝယ်ဖို့ ဈေးဝယ်ထွက်ကြတော့ အသုံးအဆောင်တွေကို တစ်ခုစီပဲဝယ်ဖို့ စပြီးအကြံပေးလာသူက ယံယံပါ။ ပိုက်ဆံကုန်သက်သာတာပေါ့ဟုလည်း ပြောသေး၏။ နောက်ပြီး သူတို့နှစ်ယောက်စလုံးက သိပ်ပြီးဇီဇာကြောင်ကြသည့် လူတွေထဲမှာမပါပေ။ အခုလည်းယံယံရွေးလာသည့် ဆပ်ပြာရည်အနံ့ကို ဉာဏ်သိပ်ကြိုက်ပါသည်။

ဉာဏ်လည်းရေချိုးအပြီး ယံယံလည်းပြန်အရောက်နှင့်ကွက်တိ ။

"မင်း ဗိုက်ဆာရင် အရင်စားထား ဉာဏ်
ငါရေချိုးလိုက်ဦးမယ် "

ဗိုက်ဆာနေတာ မှန်ပေမဲ့ ဉာဏ် မစားထားနှင့်ပါ။ယံယံ ရေချိုးပြီးအောင် စောင့်ပြီးမှ နှစ်ယောက်အတူစားဖြစ်ကြသည်။

" ထမင်းသုပ်နဲ့ ကြက်ဥကြော်ပဲလား
ကြက်ကြော်တို့ ဝက်အူချောင်းကြော်တို့ မရှိဘူးလား "

" စားစရာရှိတာပဲ အရင်ကျေးဇူးတင် ....
ကျောင်းသားတွေအကုန် လုဝယ်နေကြတာ .... ဒါတောင် ကံကောင်းလို့ ဝယ်လို့ရတာ "

ဉာဏ် ထပ်ပြီး အတွန့်မတက်ရဲတော့။ နှစ်ယောက်စလုံး ပင်ပန်းထားကြတာချင်းအတူတူ ယံယံက စားစရာထွက်ဝယ်ပေးထားတဲ့သူမဟုတ်လား။

My Youth Was Yours  ( Completed )Where stories live. Discover now