အပိုင်း(၂၅)

Start bij het begin
                                    

"ယောင်တယ်ဆိုမှတော့ စိတ်ထဲစွဲနေလို့ပေါ့..ဟိဟိ

စတာပါ..ငါဆက်ပြောမယ်..သူကအဲ့ဒီကောင်လေးကို မောင်လို့ခေါ်တာနော်..ဟဲ့ သူရည်းစားရသွားပြီထင်တယ်"

သခင်ရယ်ချင်စိတ်ကိုထိန်းထားရသည်။ကိုယ့်ကိုစိတ်ပူပါစေဆိုတဲ့စိတ်နဲ့အားကြိုးမာန်တတ်ပြောနေရှာသည်။
တကယ်တော့ အဲ့ဒီမောင်ဆိုတဲ့ကောင်လေးက သူ့ရည်းစားမဟုတ်မှန်း သခင်သိပြီးသားပါ။
ဒါကြောင့်မို့လည်း ဘာမှမခံစားရသလားဆိုတာတော့ မသိတော့ပါ။

"ဟုတ်ချင်ဟုတ်မှာပေါ့"

ကိုယ့်အဖြေကြောင့် ဆောင်းမှာကြောင်တောင်တောင်လေးဖြစ်သွားသည်။သူထင်က ကိုယ်ကသဝန်တိုသွားမယ်ပေါ့။

"နင်ဘာမှမခံစားရဘူးလား"

"ဘာခံစားရမှာလဲ"

"သူရည်းစားရသွားမှာကိုလေ"

"မခံစားရပါဘူး"

"မဟုတ်သေးပါဘူး လွန်းရယ်...ငါ့မျက်စိထဲတော့ နင်လည်းသူ့ကိုစိတ်ဝင်စားနေတဲ့ပုံပါပဲ"

"နင်ကငါ့ထက်သိနေရအောင်..သူနဲ့ငါနဲ့အကြောင်းဘယ်လောက်သိလို့လဲ"

"နင်ငါ့အိမ်ရောက်ကတည်းကမှိုင်နေတာတွေကဘာလဲ...နင်သူ့ကိုသတိရနေတာပဲမလား"

"ဝေးသေးလို့ ဆောင်းရယ်..ငါလားသူ့ကိုသတိရမှာ"

တကယ်တော့ အချိန်တိုင်းလိုလိုသူ့အကြောင်းတွေးနေမိတာပါ။ဘာအကြောင်းရယ်လို့ရေရာရာမတွေးမိပေမဲ့ တွေးလိုက်တိုင်းကသူဖြစ်နေခဲ့တာပါ။ဒါကိုသတိရလို့ဆိုပြီးခေါင်းစဉ်မတတ်လိုဘူး။

"အေးပါ..နင်ပြောသလိုပဲပေါ..တစ်ခုတော့သတိပေးထားမယ်နော်..တစ်ချို့အရာတွေကနောက်ကျလို့မကောင်းဘူးဟ. ဥပမာ ကိုယ့်ခံစားချက်ကိုမသိတာတို့ပေါ့ဟာ"

"တော်ပါဆောင်းရယ် နင်ဆိုလိုချင်တာငါသိတယ်..ဘယ်တော့မှအဲ့လိုဖြစ်လာမှာလည်းမဟုတ်ဘူး"

ဆောင်းကတော့ သက်ပြင်းအရှည်ကြီးကိုချနေသည်။

"ထမင်းလိုက်စားနော် လွန်း"

"အင်း အင်း"

မစားချင်ပေမဲ့ငြင်းမနေမိတော့ပါ။ခုနကလည်းထမင်းမစားဘူးငြင်းရာကနေ စကားစတွေရှည်သွားခဲ့တာမလား။

သခင် (Completed)Waar verhalen tot leven komen. Ontdek het nu