အပိုင်း(၁၀)

Start from the beginning
                                    

မိန်းမကို သနားလို့ မင်းထက်ဟင်းချက်ပေးနေသည်။

သူဇာလည်း အလုပ်ရှုပ်နေလို့လားမသိ။ ဘာဟင်းမှ မချက်ထား။

မင်းထက်က သူဇာပေါ် ဘာသံသယမဝင်နေ။

ပုံမှန်နေ့ရက်တွေထဲက တစ်ရက်တွေလိုပင် ပေါ့ပေါ့ပါးပါးတွေးကာ ဖြတ်သန်းနေသည်။

"စားလို့ရပြီ....ကိုယ်တို့စားကြရအောင်"

သူဇာဗိုက်ပြန်ဆာနေသဖြင့် အားရပါးရစားနေသည်။

"ကိုယ့်မိန်းမစားနေတာကိုမြင်ရတာ...ကိုငတ်သလိုပါပဲ။

"စတာနော်....စား....စား....ချစ် တော်တော်ပင်ပန်းနေတယ်မလား"

မင်းထက်က ရိုးရိုးသားသားပြောပေမဲ့ သူဇာက မင်းထက်စကားလုံးတိုင်းကို မလုံ့မလဲဖြစ်ရသည်။

မိမိက အပြစ်ကျူးလွန်ထားတဲ့သူမဟုတ်ပါလား။

နေ့လည်က ခေါက်ဆွဲနဲ့ နွားနို့ စားသောက်ထားသည်ဆိုပေမဲ့ ဒါတွေအကုန်လုံးက ကိုမျိုးလွင် လိုးချက်တွေအောက်မှာ အကုန်ပါသွားသလားပင်။

စားရင်းနဲ့ ကိုမျိုးလွင်အကြောင်း ထပ်တွေးနေပြန်သည်။

"ကို့ကို ပြောစရာရှိလို့"

"ပြောလေ ချစ်"

"ဟိုလေ သူဇာက အရင်လို အလုပ်ကိစ္စနဲ့ တောင်ကြီးဖက်သွားမလို့"

"သွားလေ....ချစ်။ အရင်ကလည်း အဲလိုသွားနေကြပဲကို။ ကိုယ့်ဆီက ခွင့်ပြုချက်တောင်းစရာမလိုဘူး။ ကိုယ်က ခွင့်ပြုတယ် သိလား"

"ဘယ်နေ့သွားမှာလဲ"

"နောင်တစ်ပတ် သောကြာနေ့ည"

"သွားလေ.....ချစ်"

"ဟုတ်....ဒါဆို သူဇာ သွားမယ်နော်"

""ချစ်က ဘယ်လောက်ကြာမှာလဲ"

ကိုမျိုးလွင် နဲ့သူဇာ ဘယ်လောက်နေမယ်ဆိုတာ မညှိရသေးပေမဲ့ သူဇာ လိုလိုပိုပိုပြောထားလိုက်သည်။

"၅ရက်၊၁ပတ်လောက်ကြာမယ်ထင်တယ် ကို"

"အေး"

"သူဇာနဲ့ ၁ပတ်ကြီးများတောင် ခွဲရမှာပါလား။ ဒါပေမဲ့ အလုပ်ကိစ္စနဲ့ဆိုတော့ ဘယ်တတ်နိုင်မလဲနော်"

အပေးအယူဆန်သောချစ်ခြင်းWhere stories live. Discover now